33 C
Yangon

ဖလမ်းမြို့ရှိ ခလရ-၂၆၈ တပ်ရင်းကုန်းတွင် တိုက်ပွဲပြင်းထန်းနေပြီး စစ်တပ်က လေကြောင်းဖြင့် ယနေ့ ညပိုင်းအထိ အပြင်းအထန် ဗုံးကျဲ ခုခံနေ

Must read

ဖလမ်းမြို့ရှိ ခလရ-၂၆၈ တပ်ရင်းကုန်းတွင် တိုက်ပွဲပြင်းထန်းနေပြီး စစ်တပ်က လေကြောင်းဖြင့် ယနေ့ ညပိုင်းအထိ အပြင်းအထန် ဗုံးကျဲ ခုခံနေ

ရန်ကုန်၊ မတ် ၁၃

ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ စစ်တပ်၏ ခလရ-၂၆၈ တပ်ရင်းကုန်းတွင် တိုက်ပွဲပြင်းထန်းနေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ယနေ့ ညပိုင်းထိ အပြင်းအထန် ဗုံးကျဲ ခုခံနေကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး အကြမ်းဖက် စစ်တပ်က ခလရ-၂၆၈ တပ်ရင်းကုန်းကို လက်မလွှတ်ရရေးအတွက် လေယာဉ်များဖြင့် အပြင်းအထန် ဗုံးကျဲ ခုခံ တိုက်ခိုက်နေခြင်းဖြစ်ပြီး မြေပြင်တွင်လည်း တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ မတ်လ ၁၃ ရက်နေ့တွင်လည်း နံနက်ပိုင်းမှစတင်ကာ အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၆ စီး ၊ Y-12 ၂ စီးဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ မြေပြင် ထိတွ့ တိုက်ပွဲများသည်လည်း လက်ရှိချိန်ထိ ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က တပ်ရင်းကုန်းကို လက်မလွှတ်ရရေး အပြင်းအထန် ခုခံနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“မနေ့ကကော ဒီနေ့ထိကော ဆက်တိုက်ကိုကျဲချနေတာ ဒီနေ့ တစ်နေ့လုံး ဂျက်ဖိုက်တာ ၆ စီး ၊ Y-12 ၂ စီးက မနားတမ်းကို ကျဲနေတာ ခလရ-၂၆၈ ကို မကျစေရေး အသည်းအသန် ကာကွယ်နေတယ်။ ဒီနေ့က ဂျက်ဖိုက်တာ ၅ စီးလောက် တပြိုင်တည်းလာပြီး လှည့်ပတ် ကျဲချနေတာ Y-12 ကတော့ တစ်စီးချပြီးသွားရင် နောက် တစ်စီး လာတယ်။ ထပ်ကျဲတယ်။ တိုက်ပွဲက တော်တော်လေး ပြင်းထန်နေတယ်” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

တော်လှန်ရေး တပ်ဖွဲ့များက ခလရ-၂၆၈ တပ်ရင်းကုန်းကို အပြီးသတ် ချေမှုန်းနိုင်ရေး ပိတ်ဆို့ တိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့ ညပိုင်းအချိန်ထိ အကြမ်းဖက် စစ်တပ်ကလည်း လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article