30 C
Yangon

အမေရိကန်၊ နယူးယောက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံရုံးသို့ ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း သွားရောက်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့်တွေ့ဆုံ

Must read

အမေရိကန်၊ နယူးယောက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံရုံးသို့ ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း သွားရောက်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့်တွေ့ဆုံ

ရန်ကုန်၊ မတ် ၁၅

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံရုံးသို့ ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း သွားရောက်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့်တွေ့ဆုံကြောင်း သိရှိရသည်။

အမေရိကန်ပြည်ထောင်စုတွင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ နှစ်ပြည့် မွေးနေ့ ကမ်းပိန်းအတွက် ရောက်ရှိနေသော Kim Aris (ခေါ်) ကိုထိန်လင်းက မတ်လ ၁၄ ရက်နေ့ အမေရိကန်စံတော်ချိန် မွန်းလွဲ ၁ နာရီအချိန် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံရုံးသို့လာရောက်ကာ CDM သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် လာရောက်တွေ့ဆုံသည်။

ကိုထိန်လင်းက မတ်လ ၁၃ရက်နေ့ နယူးယောက်ရှိ ကုလသမဂ္ဂရုံးချုပ်တွင်ကျင်းပခဲ့သော UN Event မြန်မာနိုင်ငံမှ စစ်ဘေးသင့်အမျိုးသမီးများ၊ ကလေးများခံစားရသည့် Post Trauma Stress Disorder (PTSD) အကြောင်းကို အလေးပေး ဆွေးနွေးခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ လိုအပ်လျက်ရှိသည့် လက်ရှိမြန်မာနိုင်ငံ၏ အသေးစိတ်အခြေအနေကို တစ်ပါတည်းတင်ပြဆွေးနွေးခဲ့ကြောင်းသိရသည်။

ကိုထိန်လင်းက “ဒီခရီးစဉ်မှာ မေမေနဲ့အတူ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ် မြောက်ဖို့၊ မြန်မာနိုင်ငံရဲ့ စစ်ဘေးခံပြည်သူတွေ အမြန်ဆုံး လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီရရှိဖို့ ဦးစားပေးလုပ်ဆောင်ပြီး အမေရိကားရောက် မြန်မာနွယ်ဖွားများ၊ ကူညီထောက်ပံ့ပေးသူများနဲ့ တွေ့ဆုံသွားမှာဖြစ်ပါတယ်။” ဟု ပြောဆိုသည်။

Photo By Kyaw Soe Latt , Terry Win

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article