32 C
Yangon

ကျွန်းစုမြို့နယ်တွင် စစ်ရေယာဉ် အုပ်စုကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ၊ ချောင်းဦးတွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

Must read

ကျွန်းစုမြို့နယ်တွင် စစ်ရေယာဉ် အုပ်စုကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ၊ ချောင်းဦးတွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

ရန်ကုန်၊ မတ် ၁၅

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်တွင် စစ်ရေယာဉ် အုပ်စုကို တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၃ ရက်နေ့ ည ၇ နာရီခန့်တွင် ကျွန်းစုမြို့နယ်၊ မိုင်းတွေးကျေးရွာ ပျူစောထီးများနှင့် ရှော်တော်မော် ကျေးရွာဘက်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ အင်အား ၆၀ ခန့်ပါ စစ်သင်္ဘော အုပ်စုနှင့် တော်လှန်ရေး တပ်ဖွဲ့များက ဝန်တောင်ကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ထို ထိတွေ့ တိုက်ပွဲတွင် မိနစ်ပိုင်းမျှသာ ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“စစ်ခွေး သေစာရင်းတော့ ကျနော်တို့ မသိရသေးဘူး။ ရေထဲဆိုတော့ သူပစ်ကိုယ်ပစ်ပဲ ခွေးလည်း မသေလောက်ဘူး ထင်တယ်။ အထိအခိုက်တော့ ရှိနိုင်မယ်။ သူတို့က သံခွံဆိုတော့ ထိခိုက်မှုတော့ ရှိနိုင်တယ်” ဟု ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကင်မွန်းတော် ပျူစောထီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း BLDF တပ်ခွဲ အညာမိုင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၅ ရက်နေ့ ည ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ချောင်းဦးမြို့နယ် ကင်မွန်းတော် ပျူစောထီးရွာမှ ထွက်လာသော အင်အား ၁၅၀ ခန့်ရှိသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ချောင်းဦးမြို့ အနောက်ဘက် တစ်နေရာတွင် ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ် တပ်ဦး BLDF တပ်ခွဲအညာမိုင်း စစ်ဒေသ ၃ တပ်ခွဲက မိုင်း ၂ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article