36 C
Yangon

အမေရိကန်အစိုးရက ပြည်နှင်လိုက်သော မြန်မာ ၂ ဦးကို လက်ခံမည်ဟု စစ်ကောင်စီက ထုတ်ပြန်၊ ရာဇဝတ်မှု ကျူးလွန်သော မြန်မာတချို့ကို ပြန်ပို့ခြင်းဖြစ်နိုင်ဟု အမေရိကန်ရောက် မြန်မာများပြော

Must read

အမေရိကန်အစိုးရက ပြည်နှင်လိုက်သော မြန်မာ ၂ ဦးကို လက်ခံမည်ဟု စစ်ကောင်စီက ထုတ်ပြန်၊ ရာဇဝတ်မှု ကျူးလွန်သော မြန်မာတချို့ကို ပြန်ပို့ခြင်းဖြစ်နိုင်ဟု အမေရိကန်ရောက် မြန်မာများပြော

ရန်ကုန်၊ မတ် ၂၂

အမေရိကန်အစိုးရက ပြည်နှင်လိုက်သော မြန်မာ ၂ ဦးကို လက်ခံမည်ဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီက ယနေ့ သတင်းထုတ် ပြန်သည်။

သမ္မတထရမ့် ဦးဆောင်သော အမေရိကန်အစိုးရသစ်၏ ဦးစားပေးမူဝါဒအရ လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းစည်းကမ်းများနှင့် ငြိစွန်းသူများ၊ ပြစ်မှုကျူးလွန်ထားသော နိုင်ငံခြားသားများကို ပြည်နှင်လျက်ရှိရာ အမေရိကန်က ပြည်နှင်လိုက်သော မြန်မာ ၂ ဦးကို အကြမ်းဖက် စစ်ကောင်စီက လက်ခံမည်ဖြစ်ကြောင်း၊ အဆိုပါ ပြည်နှင်ဒဏ်ခံရသူ ၂ ဦးသည် မတ်လ ၁၉ ရက်နေ့နှင့် မတ်လ ၂၈ ရက်နေ့တို့တွင် လေကြောင်းခရီး ဖြင့် မြန်မာနိုင်ငံသို့ သီးခြားစီ ရောက်ရှိမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

အမေရိကန်ရောက် မြန်မာအများစုကမူ ရာဇဝတ်မှုများ ကျူးလွန်သော အမေရိကန်ရောက် ရွှေ့ပြောင်းနေထိုင်သူများကို အမေရိကန်အစိုးရအဆက်ဆက်က မကြာခဏ ဆိုသလို မူရင်း မိခင်နိုင်ငံများသို့ ပြန်လည် ပို့ဆောင်မှုများ ရှိကြောင်း၊ ယင်းသို့ ပို့ဆောင်ခံရသူများမှာလည်း သက်ဆိုင်ရာ အမေရိကန်တရားရုံးက ပြန်လည်ပို့ဆောင်ရန် အမိန့်ချထားသူများဖြစ်ကြောင်း၊ ပြန်ပို့ခံရသည့် မြန်မာ ၂ ဦးဆိုသည်မှာလည်း ရာဇဝတ်မှုဆိုင်ရာ ပြစ်ချက်ရှိသူများ ဖြစ်နိုင်ကြောင်း ပြောဆိုသည်။

“ပြန်ပို့တယ်ဆိုတာက ရာဇဝတ်မှုကျူးလွန်ရင်တော့ ဘယ်လို ရွှေ့ပြောင်း နိုင်ငံသားမဆိုအမေရိကန်က ပြန်ပို့တာက အရင်ကတည်းက ရှိပါတယ်။ အခု သမ္မတ ထရမ့် လက်ထက်မှ မဟုတ်ပါဘူး။ ဥပမာ- Green Card ရထားသူတွေဆိုရင်တောင် ပြစ်မှုကျူးလွန်ရင်တော့ မူရင်းမိခင်နိုင်ငံကို ပြန်ပို့တယ်။ အမေရိကန် နိုင်ငံသားဖြစ်သွားရင်တော့ အဲဒီလို ပြန်မပို့တော့ဘူး။ အခု ပြန်ပို့တဲ့ မြန်မာ ၂ ဦးဆိုတာကလည်း ဘယ်သူတွေလဲဆိုတာ မသိရသေးဘူး။ ဒါပေမယ့် ဖြစ်နိုင်တာက ပြစ်မှု တစ်ခုခု ကျူးလွန်တဲ့ အမြဲတမ်းနေထိုင်ခွင့် Green Card ကိုင်ဆောင်ထားသူလည်း ဖြစ်နိုင်သလို Asylum ခိုလှုံခွင့်တောင်းသူတွေလည်း ဖြစ်နိုင်တယ်၊ အမေရိကန်ကိုလာရင်းနဲ့ ဗီဇာ ကျော်လွန်နေထိုင်သူတွေလည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ဒီလို အမေရိကန်ရောက်နေတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ပြန်ပို့ဖို့ဆိုတာက လွယ်ကူတဲ့ Process တော့မဟုတ်ဘူး။ သက်ဆိုင်ရာ တရားရုံးတွေရဲ့ အတည်ပြုချက်နဲ့ တရားသူကြီးတွေရဲ့ အမိန့်ချမှတ်မှုတွေလည်း လိုအပ်ပါတယ်” ဟု အမေရိကန်ရောက် မြန်မာနိုင်ငံသားတစ်ဦးက သုံးသပ်ပြောဆိုသည်။

အမေရိကန်ပြည်ထောင်စုတွင် မြန်မာ့နိုင်ငံရေး လှုပ်ရှားသူများစွာ ရောက်ရှိ ခိုလှုံပြီး နွေဦးတော်လှန်ရေးတွင် ထောက်/ပို့များ အဖြစ် ဆက်လက် ပါဝင်လျက်ရှိရာ သမ္မတ ထရမ့်အစိုးရ၏ ပြောင်းလဲလာသော လူဝင်မှု ကြီး ကြပ်ရေး မူဝါဒများက မြန်မာ့နိုင်ငံရေး လှုပ်ရှားသူများအပေါ် တစ်စုံတစ်ရာ ဖိအားသက်ရောက်မှုများ ရှိနေကြောင်း အမေရိကန်ရောက်မြန်မာများက သုံးသပ်ပြောဆိုကြသည်။

ဓာတ်ပုံ- အမေရိကန်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ ICE အဖွဲ့က တရားမဝင်နေထိုင်သူများကို ဖမ်းဆီး၍ ပြန်လည်ပို့ဆောင်နေစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article