28 C
Yangon

သံတောင်-တောင်ငူ လမ်းပိုင်းတွင် ရဲတပ်ရင်း ၁၁ မှ ဆိုင်ကယ်ဖြင့် ထွက်လာသော ရဲများ ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး

Must read

သံတောင်-တောင်ငူ လမ်းပိုင်းတွင် ရဲတပ်ရင်း ၁၁ မှ ဆိုင်ကယ်ဖြင့် ထွက်လာသော ရဲများ ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး

ရန်ကုန်၊ မတ် ၂၂

ပဲခူးတိုင်း၊ တောင်ငူမြို့ သံတောင်-တောင်ငူ လမ်းပိုင်းတွင် ရဲတပ်ရင်း ၁၁ မှ ဆိုင်ကယ်ဖြင့် ထွက်လာသော ရဲများ ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် သံတောင်-တောင်ငူ လမ်းပိုင်း၌ အမှတ် ၁၁ ရဲတပ်ရင်းမှ ဆိုင်ကယ်ဖြင့် ထွက်လာသော ရဲများကို အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်သားများနှင့် ရဲများ ရောက်ရှိလာပြီး သေဆုံးသွားသော ရဲတပ်သား အလောင်းကို ကောက်ယူကာ သံတောင်-တောင်ငူ လမ်းပိုင်းကို ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်သွားကြောင်း သိရှိရသည်။

“မနေ့က ပစ်ခတ်ခံရတာလို့ သိရတယ်။ ရဲတွေ ဆိုင်ကယ်နဲ့ ထွက်လာတဲ့အချိန် ပစ်ခံရတာ ပစ်ခတ်မှုဖြစ်ပြီး သိပ်မကြာဘူး။ စစ်ခွေးရော ရဲရောရောက်လာပြီး အလောင်းလာကောက်သွားတယ်။ စစ်ခွေးတွေက သံတောင်-တောင်ငူ လမ်းပိုင်းကို ပိတ်ဆို့ပြီး နည်းနည်း ပါပါးလောက်ပါပဲ ရှာဖွေတာတွေလုပ်ပြီး ပြန်သွားကျတယ်လို့ သိရတယ်။ မနေ့က စာမေးပွဲဖြေဆိုချိန်ဆိုတော့ ကျောင်းအနီးအနားက လမ်းတွေ ပိတ်ထားကြတာတော့ရှိတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article