တီးတိန်မြို့ ခလရ ၂၆၉ တပ်ရင်းမှ ဒုတပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်
ချင်းပြည်နယ်၊ တီးတိန်မြို့ ခလရ ၂၆၉ တပ်ရင်းမှ ဒုတပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း PDF Zoland ကပြောဆိုသည်။
မတ်လ ၁၉ ရက်နေ့တွင် တီးတိန်မြို့၊ ခလရ ၂၆၉ တပ်ရင်းမှ ဒုတပ်ကြပ် မောင်မင်းစိုးသည် PDF Zoland ထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားဝင်လာသော မောင်မင်းစိုးသည် MA အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် အပို ၆ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်များနှင့် စစ်အသုံးအဆောင် ပစ္စည်းများ ယူဆောင်လာခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အလင်းဝင်လာသော ဒုတပ်ကြပ် မောင်မင်းစိုးကို PDF Zoland က နွေးထွးစွာ ကြိုဆိုခဲ့ပြီး ဆက်လက် စောင့်ရှောက်ထားကာ ဂုဏ်ပြု ဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

