38 C
Yangon

ချောင်းဦးမြို့ပေါ် ထွေ/အုပ်ရုံးမှ ထွက်လာသော စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦး သေဆုံး

Must read

ချောင်းဦးမြို့ပေါ် ထွေ/အုပ်ရုံးမှ ထွက်လာသော စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦး သေဆုံး

ရန်ကုန်၊ မတ် ၂၃

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ် ထွေ/အုပ်ရုံးမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦး သေဆုံးခဲ့ကြောင်း BLDF တပ်ခွဲ အညာမိုင်း အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၁ ရက်နေ့ ည ၈ နာရီခန့်တွင် ချောင်းဦးမြို့ပေါ် မိုးကောင်းကျောင်းမှ စစ်ကောင်စီ တပ်သား ၁၇ ဦးသည် ထွေ/အုပ်ရုံးထဲမှ ထွက်လာစဉ် ဖင်လန်ပင်ကျောင်း အနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ မိုင်းဆွဲ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော် လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး ၅ ကောင်ထိတယ်။ ၂ ကောင်ကိုတော့ မုံရွာဆေးရုံကို လွှဲလိုက်တယ်လို့ သိရပါတယ်။ ၂ ကောင်ကတော့သေနိုင်ပါတယ်။ ၃ ကောင်ကတော့ ချောင်းဦးမြို့ပေါ် ဆေးရုံထဲမှာ ဆေးကုသမှုခံယူနေပါတယ်။ မိုင်း ၂ လုံးနဲ့ တိုက်ခိုက်တာပါ။ စစ်ခွေးတွေဘက်က သုံးလေးချက်လောက်ပဲပစ်တယ်။ ကျနော်တို့ အနေနဲ့တော့ ပြည်‌သူတွေ့ရဲ့ ရှေ့ကနေ အတတ်နိုင်ဆုံးကာကွယ်သွားပါမယ်။ ပြည်သူ့အပေါ်မှာလည်း အနိုင်ကျင့် ဆက်ကြေး ကောက်ယူချင်းလဲ မရှိပါဘူး” ဟု BLDF တပ်ခွဲ အညာမိုင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article