28 C
Yangon

တန့်ဆည်မြို့နယ်တွင် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၄ ဦးကို သတ်ဖြတ်၊ ပြည်သူ ၇၀ ဦးဝန်းကျင်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွား

Must read

တန့်ဆည်မြို့နယ်တွင် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၄ ဦးကို သတ်ဖြတ်၊ ပြည်သူ ၇၀ ဦးဝန်းကျင်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွား

ရန်ကုန်၊ မတ် ၂၅

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၄ ဦးကို သတ်ဖြတ်ကာ ပြည်သူ ၇၀ ဦးဝန်းကျင်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က မတ်လ ၂၃ ရက်နေ့ ချောင်းဆုံရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ချောင်းဆုံရွာမှာ ပြည်သူ ၃ ဦးကိုလည်း သတ်ဖြတ်သွားခဲ့ကြောင်း၊ ထို့နောက် ဖလန်ချိုင် ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းကာ ပြည်သူ ၇၀ ဦးဝန်းကျင်ခန့်ကို ဖမ်းခေါ်သွားခဲ့ကြောင်း၊ ဖလန်ချိုင်ကျေးရွာမှ ပြည်သူ ၁ ဦးကိုလည်း စစ်တပ်က သတ်ဖြတ်သွားခဲ့ကြောင်း၊ ချောင်းဆုံရွာနှင့် ဖလန်ချိုင် ရွာတို့သည် ကပ်လျက် ကျေးရွာများ ဖြစ်ကြောင်း သိရှိရသည်။

“ ဖလန်ချိုင်ရွာက ပြည်သူ ၇၀ လောက် ဖမ်းဆီးခေါ်သွားခံရတယ်။ ရွာအလှူတရားပွဲကို ဝင်ဖမ်းသွားတာ။ လူကြီး လူငယ်အမျိုးသမီးအစုံပဲ။ အသတ်ခံရတဲ့ ပြည်သူတွေကတော့ ရွာထဲမှာပဲ နှိပ်စက်ပြီး သတ်သွားတာ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်သားများနှင့် ပျူစောထီးများ၏ သတ်ဖြတ်ခံရသူ ပြည်သူများနှင့် ဖမ်းဆီးခံရသူ ပြည်သူများသည် ရိုးရိုးရွာသားများသာ ဖြစ်ကြပြီး လက်ရှိအချိန်တွင် ဖုန်းလိုင်းများ ဖြတ်တောက်ခံရသည့်အတွက် ဖမ်းဆီးခံရသူများ မည်သည့်နေရာကို ရောက်ရှိနေသည်ကို မသိရှိရသေးကြောင်း ဒေသပြည်သူများထံမှ စုံစမ်းသိရှိရသည်။

ဓာတ်ပုံ- စစ်တပ်က မီးရှို့ဖျက်ဆီးနေသော အညာမှ ကျေးရွာတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article