29 C
Yangon

ရန်ကုန်-မန္တလေးအမြန်လမ်းရှိ ရဲစခန်းများနှင့် အမြန်လမ်းအတိုင်းလာသော စစ်ကား ၂ စီးကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံးပြီး စစ်ကား ၁ စီး ချောက်ထဲပြုတ်ကျ

Must read

ရန်ကုန်-မန္တလေးအမြန်လမ်းရှိ ရဲစခန်းများနှင့် အမြန်လမ်းအတိုင်းလာသော စစ်ကား ၂ စီးကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံးပြီး စစ်ကား ၁ စီး ချောက်ထဲပြုတ်ကျ

ရန်ကုန်၊ မတ် ၂၇

ရန်ကုန်-မန္တလေးအမြန်လမ်းရှိ ရဲစခန်းများနှင့် စစ်ကား ၂ စီးကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံးပြီး စစ်ကား ၁ စီး ချောက်ထဲပြုတ်ကျကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်ဆင်ရေး နယ်မြေ ၂ မှ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၆ ရက်နေ့ နံနက် ၁ နာရီ ၁၀ မိနစ်ခန့်တွင် ရန်ကုန် – မန္တလေး အမြန်လမ်း ၁၂၇ မိုင် မင်းရဲ ရဲစခန်းနှင့် ၁၂၄ မိုင် နတ်ရေတွင်းရဲစခန်းတို့ကို တော် လှန်ရေး တပ်ဖွဲ့ဝင်များက တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးကာ ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ စစ်ဆင်ရေးနယ်မြေ ၂ ၊ တိုင်းစစ်ဌာန (ပဲခူး) ၊ အမှတ် ၃၈၀၁ တပ်ရင်း နှင့် အမှတ် ၃၇၀၁ တပ်ရင်း တို့က ပူးပါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မတ်လ ၂၅ ရက်နေ့ ည ၁၀ နာရီ ၂၀ မိနစ်အချိန် ပဲခူးတိုင်း၊ ပေါက်ခေါင်း – အုတ်တွင်း အမြန်လမ်းပိုင်းအတိုင်း မောင်းနှင်လာသည့် စစ်ကောင်စီတပ်၏ စစ်ကား ၂ စီးကို ဘော်ဒါကျေးရွာနှင့် ပေါ်လံကြီးကျေးရွာ ကြားအရောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ ၂ ၊တိုင်းစစ်ဌာန (ပဲခူး)၊ ဗျူဟာ ၂၁၊ တပ်ခွဲ ၃၊ ပြည်ခရိုင်တပ်ရင်း ၃၆၀၂ က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အင်အား ၃၀ ခန့်ပါ စစ်ကား ၁ စီးချောက်ထဲ ပြုတ်ကျသွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့ကြောင်း၊ စစ်သား ၁၂ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article