36 C
Yangon

မြန်မာငလျင် အမေရိကန်အကူအညီပေးမည်

Must read

မြန်မာငလျင် အမေရိကန်အကူအညီပေးမည်

ရန်ကုန်၊ မတ် ၂၈

အင်အား ရစ်ချ်တာစကေး ၇.၇ အဆင့် ငလျင်ကြီးလှုပ်ခတ်သွားမှုကြောင့် လူပေါင်း ထောင်ချီ သေဆုံးပျောက်ဆုံးနိုင်သည့် မြန်မာ့ငလျင်ဘေးဒုက္ခအတွက် အမေရိကန်နိုင်ငံက အကူအညီပေးမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ထရန့်က White House တွင် ပြုလုပ်သော မီဒီယာတွေ့ဆုံပွဲ၌ ပြောကြားခဲ့ကြောင်း The Economic Times က ယခုသတင်းဖော်ပြသည်။

အမေရိကန်သမ္မတ ထရန့်က “ကျွန်ုပ်တို့က အကူအညီပေးသွားမှာပါ” ဟု ဆိုသည်။

အကူအညီပေးရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန်အတွက်လည်း မြန်မာနိုင်ငံဘက်မှာ တာဝန်ရှိသူများထံကို ပြောကြားပြီးပြီဖြစ်ကြောင်းလည်း အမေရိကန်သမ္မတ ထရန့်က ပြောကြားသည်။

သို့သော်၊ အမေရိကန်က မည်သည့်ပုံစံဖြင့် အကူအညီပေးမည်ဆိုသည်ကို တိတိကျကျ မဖော်ပြခဲ့ခြင်း မရှိသေးပေ။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကလည်း ငလျင်လှုပ်ခတ်မှုအပြီး နိုင်ငံတကာအနေနှင့် ကူညီပေးကြရန် အစိုးရပိုင်မီဒီယာများကတစ်ဆင့် တောင်းဆိုခဲ့လေသည်။

မန္တလေးကိုဗဟိုပြုသော ငလျင်ကြောင့် လတ်တလော သေဆုံးသူ ၁၄၄ ဦးရှိပြီး ဒဏ်ရာရရှိသူ ၇၃၂ ဦးရှိဟု မင်းအောင်လှိုင်က စစ်တပ်ပိုင် ရုပ်မြင်သံကြားလိုင်းမှတစ်ဆင့် ယခုညပိုင်း ထွက်ပြောသည်။

မတ်လ ၂၈ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်အချိန် လှုပ်ခတ်သော ငလျင်ကြောင့် နေပြည်တော်ကောင်စီနယ်မြေတွင် လတ်တလော သေဆုံးသူ ၉၆ ဦး ၊ စစ်ကိုင်းတွင် ၁၈ ဦးနှင့် ကျောက်ဆည်တွင် ၃၀ ဦးရှိကြောင်း၊ ဒဏ်ရာရရှိသူများအနေဖြင့် နေပြည်တော်တွင် ၄၃၂ ဦး၊ စစ်ကိုင်းတွင် ၃၀၀ ဦးနှင့် ကျောက်ဆည်တွင် စိစစ်ဆဲ စုစုပေါင်း ၇၃၂ ဦးရှိကြောင်း၊ သေဆုံးထိခိုက်ဒဏ်ရာရသူများ ဆက်လက် တိုးလာမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။

သို့သော်လည်း မြေပြင်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် လူအင်အား ပစ္စည်းအင်အား မလုံလောက်မှုကြောင့် မင်းအောင်လှိုင် ထုတ်ပြန်သော စာရင်းထက် လူပေါင်း ရာထောင်ချီ ပျောက်ဆုံးသေဆုံးနိုင်ကြောင်း ဒေသခံများက ပြောကြားသည်။

အင်အား ၇.၇ ပမဏရှိ အလွန်အားပြင်းသည့်ငလျင်ဒဏ်ကို မြန်မာနိုင်ငံအတွင်းတွင် မန္တလေး၊ မေမြို့၊ တောင်ကြီး၊ စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ မိုးကုတ်၊ သီပေါ၊ လားရှိုး၊ ကျောက်မဲ၊ နေပြည်တော်၊ ပင်လောင်း၊ ရွာငံ၊ ပုဂံ၊ ညောင်ဦး၊ ပခုက္ကူ၊ မကွေး၊ မင်းတုန်း၊ ပြည်၊ ပေါင်းတည်၊ ဓနုဖြူ၊ ဒေးဒရဲ၊ မအူပင်၊ မြောင်းမြ၊ ဖျာပုံ၊ လပွတ္တာ၊ ညောင်တုန်း၊ ဟင်္သာတ၊ ပဲခူး၊ တိုက်ကြီး၊ ရန်ကုန်၊ မော်လမြိုင်၊ ဘားအံ၊ မြဝတီ၊ ကရင်နီ၊ ရေး၊ ထားဝယ်၊ မြိတ်၊ မိုးနဲ၊ ဒေးဒရဲ၊ တိုက်ကြီး၊ ဟသာ်တ အပါအဝင် မြို့များစွာတွင် ငလျင်ဒဏ်ကို ခံစားခဲ့ရပြီး အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ ဘန်ကောက်၊ ချင်းမိုင်၊ မဲဆောက်တို့တွင်လည်း ငလျင်ဒဏ်ကို ခံစားခဲ့ရသည်။

ပုံ – © APA | Donald Trump, US President

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article