29 C
Yangon

စစ်ကိုင်းတံတားအဟောင်းပြိုကျသွားပြီးနောက် စစ်ကိုင်းတံတားအသစ်မှာလည်း ကွဲအက်ပြီး ချည်းကပ်လမ်းများ ပျက်စီးနေသဖြင့် ပြည်သူများ ဇက်ရေယာဉ်များဖြင့် ကူးသန်းနေရ

Must read

စစ်ကိုင်းတံတားအဟောင်းပြိုကျသွားပြီးနောက် စစ်ကိုင်းတံတားအသစ်မှာလည်း ကွဲအက်ပြီး ချည်းကပ်လမ်းများ ပျက်စီးနေသဖြင့် ပြည်သူများ ဇက်ရေယာဉ်များဖြင့် ကူးသန်းနေရ

ရန်ကုန်၊ မတ် ၂၉

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နှင့် မန္တလေးမြို့တို့ကို ဆက်သွယ်ထားသော စစ်ကိုင်းတံတားအဟောင်းမှာ ယမန်နေ့ မွန်းလွဲပိုင်း လှုပ်ခတ်သော ငလျင်ကြောင့် ပြိုကျသွားပြီးနောက် စစ်ကိုင်းတံတားအသစ်မှာလည်း အက်ကွဲကြောင်းများ ဖြစ်ပေါ်နေခြင်း၊ တံတားချဉ်းကပ်လမ်းများ ပျက်စီးခြင်းတို့ကြောင့် ရက်အကန့်အသတ်မရှိ ပိတ်ထားရကြောင်း သိရှိရသည်။

ယနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းဘက်မှ မန္တလေးဘက်သို့ ကူးသန်းလိုသော ပြည်သူများမှာ ဇက်ရေယာဉ်များဖြင့် ဧရာ၀တီမြစ်ကို ဖြတ်သန်း၍ ကူးသန်းနေရပြီး ကုန်စည်ကူးသန်းသွားလာရေးများအားလုံး ရပ်တန့်သွားပြီဖြစ်ကြောင်း သိရှိရသည်။

“စစ်ကိုင်းတံတားအသစ်ကလည်း တံတားဘောင်တွေ လွဲသွားတာ၊ လမ်းတွေ အက်ကွဲသွားတာနဲ့ တံတား အခြေတွေ ယိုင်ကုန်တာရှိတယ်လို့ ပြောတယ်။ တံတားအသစ် ချည်းကပ်လမ်းတွေလည်း အကုန် ပျက်စီးနေတယ်။ လနဲ့ချီပြီး စစ်ဆေးမှု ပြင်ဆင်မှုတွေ လုပ်ရမယ်ထင်တယ်” ဟု စစ်ကိုင်းမှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article