ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုဗေးဧရိယာ၌ ငလျင်ဘေးကူညီကယ်ဆယ်ရေးရန်ပုံငွေပွဲပြုလုပ်
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုဗေးဧရိယာ၌ မြန်မာငလျင်ဘေးကူညီကယ်ဆယ်ရေးရန်ပုံငွေပွဲကို “လက်တွဲကူညီ၊ ကံဆိုးလွန်းပေစွ၊ တို့တိုင်းပြည်” ခေါင်းစဉ်ဖြင့် One Myanmar Community (OMC)က ဦးဆောင်၍ နံနက် ၁၁ နာရီမှ ညနေ ၆ နာရီထိ မြန်မာကွန်မြူနီတီနှင့် ယဉ်ကျေးမှု့စင်တာတွင် ကျင်းပခဲ့ကြောင်းသိရှိရသည်။
လာရောက်လှူဒါန်းသော အလှူရှင်များကို ကျောင်းသားလူငယ်များက ဂီတဖျော်ဖြေမှုများ၊ စေတနာအလှူရှင်များက အစားအသောက်များဖြင့် ဧည့်ခံကျွေးမွေးခြင်းများ ပြုလုပ်ခဲ့ပြီး လက်ခံရရှိသော အလှူငွေ အမေရိကန်ဒေါ်လာသုံးသောင်းရှစ်ထောင်ကျော်ကို ငလျင်ဒဏ်အဆိုးရွားဆုံးခံစားနေရသော ဒေသများထံသို့ ပြည်သူနှင့် အတူပူးပေါင်းဆောင်ရွက်နေသော ကယ်ဆယ်ရေး အဖွဲ့အစည်းများထံသို့ သေချာစိစစ်၍ တိုက်ရိုက်ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။



