Khit Thit သတင်းဌာန၏ ဧပြီ ၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ ဧပြီ ၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
ဒီကနေ့ မနက်အစောပိုင်းက စစ်ကိုင်းမြို့အနီးသို့ ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၁ အဆင့်ရှိ မြေငလျင် လှုပ်ခတ်သွားကြောင်း အမေရိကန်ဘူမိဗေဒ ငလျင်စောင့်ကြည့်ရေးအဖွဲ့ -USGS က သတင်း ထုတ်ပြန်သည်။
မြေငလျင်ဘေးဒဏ်ခံစားရတဲ့ဒေသတွေမှာ မြို့ ရွာပြန်လည်ထူထောင်ရေးလုပ်ငန်းနဲ့ လူသားချင်းစာနာ ထောက်ထားတဲ့အကူအညီတွေကို KIO နဲ့ ကချင်လူထုတစ်ရပ်လုံးက တတ်နိုင်သမျှ ပံ့ပိုးကူညီဆောင်ရွက် ပေးသွားမယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ကြေညာချက်ထုတ်ပြန်ပါတယ်။
စစ်ကိုင်းမြို့ မှာ ငလျင်ကြောင့် သကျဓီတာသီလရှင်စာသင်တိုက် ပြိုကျခဲ့ပြီး ပဓာနနာယကဆရာတော် အပါ အဝင် ၉ ဦး သေဆုံးခဲ့တယ်လို့ အဲဒီစာသင်တိုက်က သတင်းထုတ်ပြန်ပါတယ်။
မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ဘုံးအိုးကျေးရွာမှာ မြေငလျင်ကြောင့် ဗလီ ၃ လုံး ပြိုကျပြီး လူသေ အလောင်း ၇၀၀ ကျော် တူးဖော်ရရှိထားကာ ဆက်လက်တူးဖော်ဖို့ အကူအညီလိုအပ်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
