ဘောလခဲမြို့နယ်၊ ဝမ်မလန်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၄ လောင်းနှင့်ခဲယမ်းများ သိမ်းဆည်းရရှိ၊ တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး
ကရင်နီပြည်၊ ဘော်လခဲမြို့နယ်၊ ဝမ်မလန်စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်တပ်ဘက်မှ တပ်သား အလောင်း ၄ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ကြောင်း KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
မတ်လ ၂၈ ရက်နေ့ နံနက် ၆ နာရီခန့်အချိန် ဘောလခဲမြို့နှင့် ၉ မိုင်ခန့်အကွာ ဘောလခဲမြို့နှင့်မြို့သစ် မြို့ သစ်မြို့ကြားရှိ စစ်ကောင်စီတပ်စခန်းကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၂ နာရီခွဲခန့်ကြာမြင့်ခဲ့ကြောင်း၊ လက်နက်ခဲယမ်းနည်းပါး လာ မှုကြောင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ ထိုသို့ ဆုတ်ခွာ ခဲ့ပြီးနောက် မတ်လ ၃၀ ရက်နေ့တွင် ပြန်လည်ထိုးစစ်ဆင်ဝင်ရောက်စဉ် စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာသွားသည်ကို တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒီဝမ်မလန်စခန်းကို ၃ ခါလောက်ဝင်တိုက်ပြီးပြီ။ ၂၀၂၃ ခုနှစ်၊ ၂၀၂၄ ခုနှစ်တွေတုန်းက ဝင်တိုက် ပြီးပြီ။ မရဘူး။ မတ်လ ၂၈ ရက်နေ့က မနက် ၆ နာရီကနေ ၈ နာရီခွဲလောက်အထိ အလုပ်လုပ်နေတဲ့ အချိန်မှာ ပစ္စည်အင်အား နည်း နည်းနည်းတာပေါ့၊ အဲဒါကြောင့် နည်းနည်းပြန်ဆုတ်ပြီးတော့ နားထား တယ်။ ပစ္စည်းတွေဖြည့် ၊ လူအင်အားခွဲ ၊လုပ်ရင်းနဲ့ မတ် ၂၉ ရက်နေ့က သူတို့ ညကြီး စွန့်ခွာသွားကြ တာထင်တယ်။ မတ်လ ၃၀ ရက်နေ့မှာ ပြန်ပြီးတော့ ဝင်ရှင်းတော့ ရန်သူက မရှိတော့ဘူး။ စခန်းထဲမှာ ပြောင်ကုန်ပြီ။ စခန်းထဲကနေ အလောင်း ၄ လောင်းရတယ်။ ကျည်အမျိုးအစား နည်းနည်းပါးရတယ်။ များတော့မများပါဘူး။ အဲဒီလောက်ပဲရတယ်။” ဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယင်းတိုက်ပွဲအတွင်း ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၁ ဦးကျဆုံးခဲ့ပြီး မစိုးရိမ်ရ ဒဏ် ရာ ရရှိသူ ၁၀ ဦးကျော်ရှိကြောင်း၊ စစ်ကောင်စီတပ်သားများအနေဖြင့် ဘောလခဲမြို့နှင့် ရွာသစ် ကြား ရှိ မိုင်းထန်းကျေးရွာရှိ ကာကင်းစခန်းသို့ ဆုတ်ခွာသွားခြင်းဖြစ်ကြောင်း သိရသည်။
“ဝမ်မလန်းစခန်းမှာက စကခ ၂ မိုင်းနောင်က လာပြီးတော့ လှုပ်ရှားတာ တစ်နှစ်ကျော်ပြီ ။ ကုန်တော့ မယ်၊ မကြာတော့ဘူး။ တပ်မ ၆၆ လည်းကုန်ပြီ။ ပဲခူးက အင်းမတပ်ကလည်း မရှိတော့ဘူး ။ ဘောလ ခဲကတော့ ပြတ်အောင်ချတော့မယ်။ ကျနော်တို့ အလုပ်လုပ်တဲ့အချိန်မှာ သွားသွားလာလာမလုပ်ဖို့နဲ့ နေတဲ့နေရာမှာလည်း လေယာဉ်နဲ့ ဗုံးကျဲတာကို သတိထားပြီးတော့မှ ခိုင်ခိုင်မာမာနဲ့ခိုလှုံနိုင်တဲ့ ဗုံးခို ကျင်းတွေ လုပ်ထားကြဖို့မှာချင်တယ်” ဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ဝမ်မလန်းစခန်း၌ အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်မှာ စကခ ၂ မိုင်းနောင် လက်အောက်ခံ ခလရ ၈၂ တပ်ရင်းမှ တပ်သားများ အထိုင်ချထားခြင်းဖြစ်ပြီး ဘောလခဲမြို့ ကာကင်းစခန်းတစ်ခုဖြစ် ကြောင်း၊ ဘောလမြို့၌ ခမရ ၄၃၀၊ ခမရ ၃၃၇၊ ခမရ ၄၂၉ နှင့် စစ်ဗျူဟာအခြေချတပ်တို့ရှိကြောင်း သိရသည်။
ယင်းတပ်စခန်းများကို ကာကွယ်ရန်အတွက် ကာကင်းစခန်းအဖြစ် ဝမ်မလန်းစခန်း၊ မိုင်းထန်းစခန်း၊ ၊ ၁၂ မိုင်တပ်ကုန်း၊ ၄ မိုင်ကုန်းတို့ရှိရာ ယခုအခါ မိုင်းထန်းစခန်းနှင့် ၄ မိုင်ကုန်းတို့သာ ကျန်ရှိတော့ ကြောင်း ၊ မတ်လ ၁၉ ရက်နေ့မှစ၍ ဘောလခဲမြို့ရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း ကရင်နီ တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ယနေ့အချိန်အ ထိတိုက်ပွဲပြင်း ထန်နေဆဲဖြစ်ကြောင်း သိရသည်။


