28 C
Yangon

ခင်ဦးနှင့် တောင်သာတွင် စစ်တပ် တပ်စွဲထားသော ပျဉ်ထောင်ပျူစောထီးရွာနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုရှိ

Must read

ခင်ဦးနှင့် တောင်သာတွင် စစ်တပ် တပ်စွဲထားသော ပျဉ်ထောင်ပျူစောထီးရွာနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုရှိ

ရန်ကုန်၊ ဧပြီ ၇

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ပျဉ်ထောင်ပျူစောထီးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုရှိကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရေဦးမြို့နယ် ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။

ဧပြီလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်တွင် ခင်ဦးမြို့နယ်၊ ပျဉ်ထောင်ပျူစောထီးရွာကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က လက်နက်ကြီး ၈၀ မမ ၁၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း၊ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီးများကို ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း Taung Tha People Defense Force က ပြောဆိုသည်။

မတ်လ ၂၅ ရက်နေ့တွင် မြင်းခြံမြို့နယ်မှ တောင်သာမြို့နယ် နန်းမြင့်တောင်ဆီ စစ်ကြောင်းထိုးလာသော အင်အား ၁၀၀ ကျော်ခန့်ပါရှိသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အထိနာသောကြောင့် မိတ္ထီလာလေတပ်မှ ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article