29 C
Yangon

မင်းလှမြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲပြီး စစ်မှုထမ်းကြေး အတင်းအကျပ်ကောက်ခံနေသော သင်တောကန်အုပ်စု အုပ်ချုပ်ရေးမှူး ကြည်လှိုင် ပစ်ခတ်ခံရပြီး သေဆုံး

Must read

မင်းလှမြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲပြီး စစ်မှုထမ်းကြေး အတင်းအကျပ်ကောက်ခံနေသော သင်တောကန်အုပ်စု အုပ်ချုပ်ရေးမှူး ကြည်လှိုင် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဧပြီ ၁၂

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်မှုထမ်းကြေး အတင်းအကျပ်ကောက်ခံနေသော သင်တောကန် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကြည်လှိုင်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာမှ သေဆုံးသွား ကြောင်း မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်မိုးထက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်အချိန် မင်းလှမြို့နယ်၊ သင်တောကန်အုပ်စု အုပ်ချုပ်ရေးမှူး ကြည်လှိုင်သည် မယားငယ်နေအိမ်မှ ၎င်းနေထိုင်ရာ သင်တောကန်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် ပြန်လာ စဉ် စစ်ကွင်းမြို့ အနောက်အထွက်လမ်းပေါ်အရောက် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ နှင့် မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းကာ သေနတ်ဖြင့် ၇ ချက် ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း သိရသည်။

“မယားငယ်အိမ်ကနေ သူ့ရွာကို ဆိုင်ကယ်နဲ့ ပြန်အလာ စောင့်ပြီး ပစ်ခတ်ရှင်းလင်းခဲ့တာပါ၊ မယား ငယ်က ၅ တောင်မကဘူးရှိတာ၊ ဘယ်မယားငယ်အိမ်ကနေ ပြန်လာတာလဲတော့ မသိဘူး။ သူက မော်တော်ပီကယ်ရဲထွက်၊ စစ်မှုထမ်းနာမည်ပါတဲ့ လူငယ်တွေ စစ်မှုထမ်းမလိုက်ရအောင် သူ့ကို ငွေ သိန်း ဆယ်ချီပေးရတယ်။ မပေးရင် စစ်တပ်ထဲထည့်တယ်။ စစ်မှုထမ်းကြေးကလည်း မပေးမနေရ အတင်းအကျပ် လတိုင်းတောင်းတယ်။ ပြည်သူတွေလည်း အရမ်းဒုက္ခရောက်နေပြီ။ အဲဒါကြောင့် ပြည်သူတွေ တိုင်ကြားတဲ့အတွက် အရေးယူခဲ့တာပါ။ သူ့ဆီက ဘာပစ္စည်းမှ သိမ်းဆည်းရရှိခဲ့တာ မရှိပါဘူး” ဟု မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်မိုးထက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး ကြည်လှိုင်သည် ယာဉ်ထိန်း ရဲဝန်ထမ်းဟောင်း တစ်ဦးဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများကို စစ်ကောင်စီ ထံပေးပို့ခြင်း၊ ကျေးရွာ အုပ်စုအတွင်းနေ ပြည်သူများထံမှ စစ်မှုထမ်းကြေးဟုဆိုကာ အတင်းအကျပ် လစဥ်ကောက်ခံခြင်း၊ စစ်မှုထမ်းရန် အမည်စာရင်းပါသူများထံမှ ငွေကြေးများ အဆမတန် တောင်းခံခြင်း၊ လူငယ်များကို စစ်မှုထမ်းရန် အတင်းအကျပ် စုဆောင်းဖမ်းဆီးခြင်းများ လုပ်ဆောင်နေသည့်အတွက် ယခုကဲ့သို့ အရေးယူရခြင်းဖြစ်ကြောင်း အသိပေးထားသည်။

ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် စစ်ကောင်စီနှင့် စစ်ကောင်စီ ဒေါက်တိုင်များကို အရှိန်မြင့် တိုက်ခိုက်သွားမည် ဖြစ်သောကြောင့် ပြည်သူများအနေ ဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် မေတ္တာရပ်ခံတိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article