35 C
Yangon

သင်္ကြန်ကာလမှာလည်း KIA ၊ KNU နှင့် PDF အပါအဝင် တိုင်းရင်းသားများနှင့် လက်နက်ကိုင်များက စစ်တပ်ကို ၀ိုင်းဝန်းတိုက်ခိုက်နေဆဲဟု ဇော်မင်းထွန်း ပြောဆိုသော်လည်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို တစ်စွန်းတစ်စမှ ထုတ်မပြော

Must read

သင်္ကြန်ကာလမှာလည်း KIA ၊ KNU နှင့် PDF အပါအဝင် တိုင်းရင်းသားများနှင့် လက်နက်ကိုင်များက စစ်တပ်ကို ၀ိုင်းဝန်းတိုက်ခိုက်နေဆဲဟု ဇော်မင်းထွန်း ပြောဆိုသော်လည်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို တစ်စွန်းတစ်စမှ ထုတ်မပြော

ရန်ကုန်၊ ဧပြီ ၁၅

သင်္ကြန်ကာလမှာလည်း KIA ၊ KNU နှင့် PDF အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များက စစ်တပ်ကို ၀ိုင်းဝန်းတိုက်ခိုက်နေဆဲဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်းက ယမန်နေ့ညပိုင်း ထုတ်ပြန်ပြောဆိုသည်။

ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီက ငလျင်ဘေးကူညီရေးအတွက် အပစ်အခတ်ရပ်စဲထားသော်လည်း KIA ၊ KNU နှင့် PDF အပါအဝင် တိုင်းရင်းသားများနှင့် လက်နက်ကိုင်များက စစ်တပ်စခန်းကို တိုက်ခိုက်နေကြောင်း၊ စစ်တပ်က သင်္ကြန်ကာလ အပစ်အခတ်ရပ်စဲရေးကို ကြေညာထားသော်လည်း တိုက်ခိုက်ခံနေရကြောင်း ဇော်မင်းထွန်းက ဆိုသည်။

“KIA အနေနဲ့ ဧပြီလ ၁၃ ရက်နေ့ ည ၁၀ နာရီလောက်မှာ ဗန်းမော်မင်းလှရပ်ကွက်မှာရှိတဲ့ လူနေအိမ်ခြေတွေနဲ့ တပ်မတော်ရဲ့ ကင်းစခန်းတစ်ခုကို လာရောက်ပစ်ခတ်ခဲ့ကြောင်း တွေ့ရပါတယ်။ KNPP/KNDF အနေနဲ့ ဧပြီလ ၁၃ ရက်နေ့ မနက် ၇ နာရီမှာ ဘောလခဲမှာရှိတဲ့ လုံခြုံရေးစခန်းတစ်ခုကို ဒရုန်းနဲ့ လာရောက်တိုက်ခိက်ခဲ့တာတွေ့ရပါတယ်။ KNU အနေနဲ့ ဧပြီလ ၁၂ ရက်နေ့ ည ၁၂ နာရီအချိန်လောက်နဲ့ ဧပြီလ ၁၃ ရက်နေ့ ည ၉ နာရီခွဲလောက်မှာ ထီးတာစခန်းကို ဒရော့ဗုံးတွေ ဒရုန်းတွေနဲ့ လာရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဒရော့ဗုံး ၇၀ ကျော်လောက် ပစ်ခတ်တာတွေ့ရပါတယ်။ ဧပြီလ ၁၃ ရက်နေ့ နေ့လယ် ၁နာရီခွဲမှာ မြင်းမူ အလာကပကျေးရွာမှာ မြင်းမူ PDF အဖွဲ့တွေ့ အလာကပ ကျေးရွာမှာရှိတဲ့ လူနေအိမ်ခြေတွေနဲ့ လုံခြုံရေးစခန်းတစ်ခုကို လာရောက်ပစ်ခတ်ခဲ့ကြောင်းတွေ့ရပါတယ်။ အလားတူ စလင်းဘက်မှာ ညနေ ၄ နာရီခွဲလောက်မှာ သစ်ခေါက်တောင် လုံခြုံရေးစခန်းကို ဒရုန်းနဲ့ လာရောက် ပစ်ခတ်ကြောင်း တွေ့ရှိရပါတယ်” ဟု ဇော်မင်းထွန်းက ပြောဆိုသည်။

သို့ရာတွင် အကြမ်းဖက် စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်းက စစ်တပ်က စစ်ကြောင်းထိုးနေမှုများ၊ လေကြောင်းတိုက်ခိုက်မှုများနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်းမပြုဘဲ ၎င်းတို့ကသာ တစ်ဖက်သတ် အတိုက်အခိုက်ခံနေရသည့်ပုံစံ သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။

အကြမ်းဖက်စစ်ကောင်စီက သင်္ကြန်အကြိုနေ့မှ စတင်ပြီး သင်္ကြန်အကျနေ့အထိ ရခိုင်၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ချင်းပြည်နယ် အပါအဝင် နိုင်ငံတစ်ဝန်းတွင် လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက် လုပ်ဆောင်နေဆဲဖြစ်ပြီး အပစ်အခတ်ရပ်စဲသည်ဟု ကြေညာပြီးနောက် လေကြောင်းတိုက်ခိုက်မှု အကြိမ် ၇၀ ကျော် လုပ်ဆောင်ခဲ့ကြောင်း၊ ပြည်သူ ၁၀၀ ကျော် လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article