29 C
Yangon

သင်္ကြန်အကြတ်နေ့ ကျုံဒိုးမြို့၊ ကမ်းနီ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၆ ဦးထက်မနည်းသေဆုံးပြီး သံဃာ ၄ ပါး အပါအဝင် ၂၀ ဦးကျော်ဒဏ်ရာရ

Must read

သင်္ကြန်အကြတ်နေ့ ကျုံဒိုးမြို့၊ ကမ်းနီ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၆ ဦးထက်မနည်းသေဆုံးပြီး သံဃာ ၄ ပါး အပါအဝင် ၂၀ ဦးကျော်ဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၁၅

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ ကမ်းနီကျေးရွာ ဘုန်းကြီး ကျောင်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၆ ဦးထက်မနည်းသေဆုံးပြီး သေဆုံးသူအရေအတွက်တိုးလာနိုင်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ သင်္ကြန်အကြတ်နေ့ ဧပြီလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန် စစ်ကောင်စီတပ်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ရှိ ကမ်းနီကျေးရွာ ဘုန်းကြီးကျောင်းကို တိုက်လေယာဉ်ဖြင့် ဗုံးများ ကျဲချ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ပရိုဘောက်ကားတစ်စီးပေါ် ကျရောက်ပြီး ကားမောင်းသူအပါအဝင် ပြည်သူတချို့ ပွဲချင်းပြီး သေဆုံးကြောင်း၊ ထို့ပြင် ဘုန်းကြီးကျောင်းတွင် သင်္ကြန်အကြတ်နေ့ ဥပုသ်သီလ ယူရန် လာရောက်ကြသော ပြည်သူများလည်း ထိခိုက်သေဆုံးမှုရှိကြောင်း သိရှိရသည်။

“သေဆုံးတာက ပရိုဘောက်ကားပေါ်မှာ ၃ ဦး ။ ဘုန်းကြီးကျောင်းပေါ်မှာ ၃ ဦး အလောင်း ထပ်တွ့တယ်။ သံဃာ ၄ ပါးနဲ့ ဥပုသ်သီလယူနေတဲ့ ပြည်သူ ၂၀ ကျော်ဒဏ်ရာရတယ်။ အခုထက်ထိ လေယာဉ်တွေက ဝဲနေတုန်းပဲ။ တိုက်ပွဲတွေကတော့ ဖြစ်နေတော့ နယ်မြေ မအေးချမ်းသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လတ်တလော ဧပြီလ ၁၄ ရက်နေ့ ညပိုင်းမှ စတင်ကာ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးလမ်းပိုင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ဟောင်ဝှစ်ဇာ အမြှောက်တင့်ကားတစ်စီးဖြင့် လိုက်လံ ပစ်ခတ်တိုက်ခိုက်နေသည့်အတွက် စစ် ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၂အနီးရှိ ရင်ကွဲတောင်နေရာ တစ်ဝိုက်ကို KNLA မဟာမိတ် ပူးပေါင်း တပ်ဖွဲ့ များက ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း၊ ယနေ့ ဧပြီ ၁၅ ရက်နေ့ နံနက်ပိုင်း အထိတိုက်ပွဲ ဆက်လက်ပြင်းထန် ဖြစ်ပွားနေကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်၏ ကျုံဒိုး ခမရ ၅၄၅ တပ်ရင်း နှင့် ခမရ ၅၄၆ တပ်ရင်းတို့က ညပိုင်းတွင် ၎င်းတို့ ထိန်းချုပ်ထားသည့် ရင်ကွဲ တောင်လမ်းပိုင်းမှနေ၍ ပြည်သူများရှိနေသည့် ရေပူကြီး ၊ ကော့ဝါလဲ ၊ ဝင်းပြ ၊ နောင် တမံ ၊ သမိန်ဒွတ်၊ တောင်ကမ္ပရိုက် ၊ မိဂလုံ၊ ကမ်းနီ ကျေးရွာများကို လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article