စစ်ကောင်စီ ကင်းစင်သွားသော ပြည်နယ်များတွင် တိုင်းရင်းသားလက်နက်ကိုင် EROs များက တာဝန်ယူအုပ်ချုပ်ပြီး တိုင်းဒေသများကို NUG အစိုးရက အုပ်ချုပ်ရန် တာဝန်ခွဲဝေယူထား
စစ်ကောင်စီကင်းစင်သွားသော နယ်မြေများတွင် အုပ်ချုပ်ရေးလေဟာနယ်မဖြစ်စေရန် ပြည်နယ်များ တွင် တိုင်း ရင်းသားလက်နက်ကိုင် EROs များက တာဝန်ယူထားပြီး တိုင်းဒေသများကို NUG အစိုးရက အုပ်ချုပ်ရန် တာဝန်ခွဲဝေယူထားကြောင်း NUG အစိုးရ၏ ၄ နှစ်ပြည့်အစီရင်ခံစာတွင် ထုတ်ပြန် ပြောဆိုလိုက်သည်။
တော်လှန်ရေးကာလ စိုးမိုးထိန်းချုပ်နယ်မြေများတွင် အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေးကို ဖျက်သိမ်းပြီးသည့်နောက် အုပ်ချုပ်ရေးလေဟာနယ် မဖြစ်စေရန်အတွက် ပြည်နယ်များ၏ အုပ်ချုပ် ရေးထူထောင်မှုကို ပြည် နယ်လွတ်မြောက်ရေး အဓိကတာဝန်ယူ ဆောင်ရွက်လျက်ရှိသော သက်ဆိုင် ရာ EROs များနှင့် ပြည်နယ်အတိုင်ပင် ခံကောင်စီများက တာဝန်ယူပြီး တိုင်း (သို့မဟုတ်) ဖက်ဒရယ် ယူနစ်များ၏ အုပ်ချုပ်ရေးထူထောင်မှုကို ကန ဦးအဆင့်တွင် တိုင်းဒေသများလွတ်မြောက်ရေးအတွက် အဓိကတာဝန်ယူသော အမျိုးသားညီညွတ်ရေးအစိုးရက ကမကထပြု ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
တိုင်း (သို့မဟုတ်) ဖက်ဒရယ်ယူနစ် အုပ်ချုပ်ရေးအဖွဲ့များ အမြန်ဆုံးပေါ်ပေါက်လာရေးအတွက် သက် ဆိုင်ရာတိုင်း (သို့မဟုတ်) ဖက်ဒရယ်ယူနစ်များမှ တာဝန်ရှိသူများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူများက လိုအပ်သော ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်း၊ ပြည်နယ်နှင့်တိုင်း (သို့မဟုတ်) ဖက်ဒရယ်ယူနစ် အုပ်ချုပ်ရေးအဖွဲ့(အစိုးရ)များ ပေါ်ပေါက်လာသည့် အခါ ဖက်ဒရယ်သဘောအရ လိုအပ်သော ပေါင်းစပ်ညှိနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင် ရန် အမျိုးသားညီညွတ်ရေးအစိုးရအတွင်း ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များ အကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (FSCC) ကို ဖွဲ့စည်းထားကြောင်း သိရှိရသည်။
NUG အစိုးရအနေဖြင့် တိုင်း ၇ ခု၊ ခရိုင် ၁၀ ခု၊ မြို့နယ် ၁၈၃ ခုတို့တွင် ပြည်သူ့အုပ်ချုပ်ရေးယန္တရား ကောင်းစွာလည်ပတ်လျက်ရှိကြောင်း၊ နယ်မြေစိုးမိုးထိန်းချုပ်မှုအရ စစ်ကောင်စီအုပ်ချုပ်မှုကို ဖျက်သိမ်း၍ ပြည်သူ့အုပ်ချုပ်ရေး ထူထောင် နိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော် ဆောင်မှုဗဟိုကော်မတီကို ပြည်ထောင်စုဝန်ကြီးချုပ်၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားရှိပြီး ယခုအချိန် တွင် တိုင်း ၇ ခု၊ ခရိုင် ၁၀ ခု၊ မြို့နယ် ၁၈၃ ခုတွင် ပြည်သူ့အုပ်ချုပ်ရေးယန္တရားကောင်းစွာ ဖွဲ့စည်း လည် ပတ်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ မြို့နယ်များတွင် အုပ်ချုပ်ရေးနှင့်ဆက်စပ်၍ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့ ဝန် ဆောင်မှုလုပ်ငန်းများကို အားစိုက်ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင် ရွက်နိုင်ရန်အတွက် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ရဲတပ်ဖွဲ့ မြို့ နယ် ၉ မြို့နယ် နှင့် ပြည်သူ့လုံခြုံ ရေးအဖွဲ့များကို မြို့နယ် ၄၈ ခုတွင် ဖွဲ့စည်းထူထောင်ပြီးဖြစ်ကြောင်း သိရှိရသည်။
အုပ်ချုပ်ရေးလုပ်ငန်းများကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ရန်အတွက် ၂ဝ၂၄-၂ဝ၂၅ မဟာ ဗျူ ဟာ စီမံချက်ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်၊ တိုင်း(သို့) ဖက်ဒ ရယ် ယူနစ် အစိုးရများ ပေါ်ပေါက်လာနိုင်ရေးအတွက် ပြည်နယ်၊ တိုင်း (သို့) ဖက်ဒရယ်ယူနစ်များရှိ Stakeholder များနှင့် မူဝါဒရေးရာ ညှိနှိုင်းဆောင်ရွက်မှုများကိုလည်း အလေးထားဆောင်ရွက်လျက် ရှိကြောင်း အသိပေးထားသည်။
တိုင်း (သို့မဟုတ်) ဖက်ဒရယ်ယူနစ်အစိုးရများကို ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းများနှင့်အညီ ပေါ် ပေါက်လာစေရန်အတွက် အထူးအလေးထားဆောင်ရွက်သကဲ့သို့ မိတ်ဖက်မဟာမိတ် တိုင်းရင်း သားများ နှင့်အတူ လက်တွဲကာ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ်နှင့် အညီ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) အတွင်း တိုင်ပင်ညှိနှိုင်း၍ ပြည် ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ အတည်ပြုချက်ဖြင့်ဖွဲ့စည်းခဲ့ကြောင်း ၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော် ဒုတိယသမ္မတ(ယာယီသမ္မတ)၊ ပြည်ထောင်စုဝန်ကြီးချုပ်တို့ ဦးဆောင်လျက်ဝန်ကြီးဌာန ၁၇ ခု၊ ပြည် ထောင်စုဝန်ကြီး ၁၆ ဦး၊ ဒုတိယဝန်ကြီး ၁၇ ဦးတို့ဖြင့် ဖွဲ့စည်းထားကြောင်း၊ အမျိုးသား ညီညွတ်ရေး အစိုးရ အဖွဲ့တွင် ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦး ၊ ပြည်နယ်အတိုင်ပင်ခံ ကောင်စီများမှ တာဝန်ပေးစေလွှတ်သူ ၁၂ ဦး၊ နွေဦးတော်လှန်ရေးအင်အားစုများမှ တာဝန်ပေး စေ လွှတ်သူနှင့် တတ်သိပညာရှင် ၁၂ ဦး ပါဝင်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ ဖွဲ့စည်းပုံကို ကြည့်လျှင် (de jury legitimacy) ခေါ်သော ၂၀၂၀ ရွေး ကောက်ပွဲ ရလဒ်အရ ပြည်သူက အပ်နှင်းသော တရားဝင်မှုနှင့် (de facto legitimacy) ခေါ်သော နယ်မြေထိန်းချုပ်မှုနှင့် ပြည် သူလူထုထောက်ခံမှုမှ ရရှိသော တရားဝင်မှု ဟူသည့် တရားဝင်မှု နှစ်ရပ် ပေါင်းစပ် ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ပြည်သူသို့ အသိပေးထုတ်ပြန်ထားသည်။
