26 C
Yangon

ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ် နယ်မြေများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် ပြည်သူ ၃ သေဆုံးပြီး KNU က ပြည်သူများထံသို့ အသိပေး ချက်ထုတ်ပြန်

Must read

ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ် နယ်မြေများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် ပြည်သူ ၃ သေဆုံးပြီး KNU က ပြည်သူများထံသို့ အသိပေး ချက်ထုတ်ပြန်

ရန်ကုန်၊ ဧပြီ ၁၉

ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ် နယ်မြေများကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်သဖြင့် ပြည်သူများ ထိခိုက်သေဆုံးနေပြီး KNU က ပြည်သူများထံသို့ သတိပေး၊ အသိပေးချက်ထုတ်ပြန်လိုက်သည်။

ယနေ့ ဧပြီလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီကျော်အချိန် KNU တပ်မဟာ ၁ နယ် မြေ ၊ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်။. မင်းစောရွာဘုန်းကြီးကျောင်းကို လေ ယာဉ် ဖြင့် ဗုံးကြဲ တိုက်ခိုက် ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးပြီး ကိုရင် ၂ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

အလားတူ ယမန်နေ့ ဧပြီလ ၁၈ ရက်နေ့ နံနက် ၉ နာရီ အချိန် ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့၊ ရေတွင်းကုန်းကျေးရွာ ဇရပ်ကုန်းအပိုင်းသို့ တိုက် ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ပိန်းဇလုပ်မြို့ အခြေစိုက် ခလရ ၂၆၄ ကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဇရပ်ကုန်းကျေးရွာအတွင်း ထပ်မံကျရောက်ပေါက်ကွဲ၍ ပြည်သူတဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူမှာ အသက် ၄၂ နှစ်အရွယ် ကိုမျိုးသန့်ဖြစ်ပြီး ဘယ်ဘက်ရင်အုံသို့ ကျည်စထိမှန်သေဆုံးခဲ့ရကြောင်း သိရှိရသည်။

လတ်တလော ကရင်ပြည်နယ်အနှံ့အပြားတွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပြီး စစ်တပ်က စစ်ဘေးရှောင်ပြည် သူများ၊ ကျေးရွာများကို ပစ်မှတ်ထားကာ လေကြောင်း၊လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် လျက်ရှိကြောင်း KNU ဗဟိုက သတိပေးချက် ထုတ်ပြန်သည်။

လက်ရှိအချိန်တွင် ကရင်ပြည်နယ်နေရာအနှံအပြား၌ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိပြီး အာ ဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်က အရပ်သားပြည်သူလူထုများအား ပစ်မှတ်ထား ကာ စာ သင်ကျောင်းများ၊ ဘုန်းကြီး ကျောင်း များ၊ ဘုရားကျောင်းများ နှင့် စစ်ရှောင် ပြည်သူလူထုများ နေထိုင် ရာ နေရာ ဒေသများအတွင်းသို့ လက်နက်ကြီးများ လေယာဉ်များဖြင့် ပစ်မှတ်ထား တိုက်ခိုက် လျက်ရှိ ကြောင်း သိရှိရသည်။

ထို့ကြောင့် သတင်းမီဒီယာများ ဒေသတွင်းတက်ကြွလုပ်ရှားသူများအနေဖြင့် သတင်းရယူ တင်ဆက် ရာတွင် ပြည်သူလူထုများ ပုန်းရှောင် နေထိုင်သော နေရာများအား အာဏာသိမ်း အကြမ်းဖက် စစ် ကောင်စီတပ်မှ အလွယ်တကူရှာဖွေပြီး လေကြောင်း ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်း မပြု လုပ်နိုင်ရန်အတွက် သတိထား၍ တင်ဆက် ပေးပါရန် KNU က အသိပေးပန်ကြားသည်။

ထို့အပြင် ပြည်သူလူထုများအနေဖြင့် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ပစ်မှတ် ထား တိုက်ခိုက်ခံရနိုင်သော အဆောက်အဦများ အဝေးတွင် နေထိုင်ပေးကြပါရန်နှင့် တိုက်ပွဲဖြစ် ပွားရာ ဒေသများ အတွင်းသို့ အရေးပေါ် အကြောင်းကိစ္စမရှိဘဲ သွားလာခြင်းမပြုရန် အသိပေး ထုတ် ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article