25 C
Yangon

ထိုင်း-မြန်မာနယ်စပ် KNU တပ်မဟာ၇ နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ မော်ဖားသူးစစ်စခန်းကို သိမ်းပိုက်ရရှိ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွား

Must read

ထိုင်း-မြန်မာနယ်စပ် KNU တပ်မဟာ၇ နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ မော်ဖားသူးစစ်စခန်းကို သိမ်းပိုက်ရရှိ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွား

ရန်ကုန်၊ ဧပြီ ၂၀

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ KNU တပ်မဟာ၇ နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ မော်ဖားသူးစစ်စခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ ယမန်နေ့ ညပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ရရှိသွားပြီဖြစ်ကြောင်း KNLA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၈ ရက်နေ့မှစတင်၍ ယင်းစခန်းကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ ဧပြီလ ၁၉ ရက်နေ့ ညပိုင်းတွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း၊ ယင်းစခန်းသည် ထိုင်း-မြန်မာနယ်စပ်နှင့် ကပ်လျက်ရှိပြီး နယ်စပ်ဖြတ်သန်းသွားလာမှုများကို စောင့်ကြည့်နေသည့် စစ်တပ်စခန်းတစ်ခုလည်းဖြစ်ကြောင်း သိရှိရသည်။

” အဲဒီစကစ စခန်းက မြေပြင် စစ်ကူလာလို့မရတဲ့နေရာပါ။ စခန်းကိုတော့ သိမ်းပိုက်ရရှိပါပြီ။ စခန်းမှာရှိနေတဲ့ သူတွေ အကုန်ထွက်ပြေးသွားတယ်။ သေဆုံးထိခိုက်မှုနဲ့ လက်နက်ခဲယမ်းရရှိမှုလည်း မသိရသေးပါဘူး။ ရှင်းလင်းရေးတွေ မနေ့ညအထိ လုပ်နေတုန်းလို့ပဲ သိရပါတယ်” ဟု KNLA သတင်းရင်းမြစ်က ပြောဆိုသည်။

ဧပြီလ ၁၈ ရက်နေ့ ထိုင်းမြန်မာနယ်စပ် မြဝတီမြို့နယ်အပိုင် မော်ဖားသူးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင် စီ တပ်စခန်ကုန်းကို KNLA မဟာမိတ်ပူး ပေါင်းတပ်ဖွဲ့ များက တိုက်ခိုက်မှုကြောင့် ထိုင်းနိုင်ငံဘက် အခြမ်းသို့ စစ်ဘေးရှောင် ပြည်သူ ၂၁၅ ဦးထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

KNU တပ်မဟာ ၇ နယ်မြေအတွင်း တိုက်ပွဲများကြောင့် ထိုင်းစစ်တပ်က လုံခြုံရေး တိုးမြှင့်ချထားကြောင်း ထိုင်းသတင်းဌာနများ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article