30 C
Yangon

ငဖဲမြို့နယ်တွင် ဇန်နဝါရီလမှ ဧပြီလအတွင်း တိုက်ပွဲ ၂၃ ကြိမ် ဖြစ်ပွားပြီး ဗိုလ်မှူးသီဟအောင် အပါအဝင် စစ်သား ၆၃ ဦး သေဆုံးကာ ဗိုလ်ကြီးအောင်ငြိမ်းချမ်း၊ ဗိုလ်ကြီးတင်ကိုထက် အပါအဝင် စစ်သုံ့ပန်း ၁၈ ဦး အရှင်မိ

Must read

ငဖဲမြို့နယ်တွင် ဇန်နဝါရီလမှ ဧပြီလအတွင်း တိုက်ပွဲ ၂၃ ကြိမ် ဖြစ်ပွားပြီး ဗိုလ်မှူးသီဟအောင် အပါအဝင် စစ်သား ၆၃ ဦး သေဆုံးကာ ဗိုလ်ကြီးအောင်ငြိမ်းချမ်း၊ ဗိုလ်ကြီးတင်ကိုထက် အပါအဝင် စစ်သုံ့ပန်း ၁၈ ဦး အရှင်မိ

ရန်ကုန်၊ ဧပြီ ၂၁

မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် ဇန်နဝါရီလမှ ဧပြီလအတွင်း တိုက်ပွဲ ၂၃ ကြိမ် ဖြစ်ပွားပြီး ဗိုလ်မှူးသီဟအောင် အပါအဝင် စစ်သား ၆၃ ဦး သေဆုံးကာ ဗိုလ်ကြီးအောင်ငြိမ်းချမ်း၊ ဗိုလ်ကြီးတင်ကိုထက် အပါအဝင် စစ်သုံ့ပန်း ၁၈ ဦး အရှင်ဖမ်းဆီးရမိခဲ့ကြောင်း လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် ငဖဲမြို့နယ်၊ နတ်ရေကန်အနီးရှိ စင်ကိုနာခြံကို ကင်းပုန်းဝပ်ရန် လာသော အင်အား ၂၀ ခန့်ပါ အကြမ်းဖက် စစ်ကောင်စီတပ်သားများကို လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) မှ တော်လှန်ရေး ရဲဘော်များက ခြုံခို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၄ ဦး ထိခိုက် ဒဏ်ရာရရှိကာ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် ငဖဲမြို့နယ်၊ နတ်ရေကန် ဗျူဟာကုန်းမှ ဆင်းလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၆၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဖြတ်တောက် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး ၄ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

မတ်လ ၁၈ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် ငဖဲမြို့နယ်၊ ပဇီကျေးရွာမှ လိုင်ကျေးရွာကို တက်လာသော အင်အား ၄၀ ခန့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို လိုင်ကျေးရွာလမ်းခွဲ အနီး၌ တော်လှန်ရေး တပ်ဖွဲ့များက ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးကာ ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်း စစ်ကြောင်းတွင် အကြမ်းဖက် စစ်တပ်၏ တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းများ ပါဝင်ကြောင်း သိရသည်။

မတ်လ ၃၀ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် လူထုတော်လှန်ရေးမဟာ မိတ်အင်အားစု (PRA-Magway) နှင့် မင်းဘူးခရိုင်အမှတ် ၂ တပ်ရင်းမှ တော်လှန်ရေး ရဲဘော်များ ပူးပေါင်း၍ ပုသိမ်-မုံရွာ လမ်းပိုင်းရှိ ပဒါန်းမြို့ဝင်ဂိတ်ကို ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးပြီး ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ပဒါန်းမြို့ဝင်ဂိတ်သည် အကြမ်းဖက် စစ်တပ်၊ ရဲ နှင့် စရဖ တို့ ပူးပါင်းထားခြင်းဖြစ်ပြီး အင်အား ၂၀ ကျော်ဖြင့် အထိုင်ချထားကာ အရပ်သားပြည်သူနှင့် ဈေးရောင်းဈေးဝယ်သူများကို အတင်းအဓမ္မ ငွေကြေး တောင်းရမ်းခြင်း၊ ဖိနှိပ်ရမ်းကားခြင်းများ ပြုလုပ်လေ့ရှိသည့် ဂိတ်ဖြစ်ကြောင်း သိရသည်။

လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) သည် ဇန်နဝါရီလမှ ဧပြီလ အတွင်း တိုက်ပွဲကြီး ငယ်ပေါင်း ၂၃ ကြိမ် ဖော်ဆောင်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း များစွာကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ ၎င်းတိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်မှူး သီဟအောင် အပါအဝင် စုစုပေါင်း ၆၃ ဦးသေဆုံးကာ ဗိုလ်ကြီးအောင်ငြိမ်းချမ်း၊ ဗိုလ်ကြီး တင်ကိုထက်တို့အပါအဝင် စုစုပေါင်း ၁၈ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း၊ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) သည် မဟာမိတ် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အမ်း-ပဒါန်း စစ်ဆင်ရေးတွင် ပါဝင်ဆောင်ရွက် နေပြီး စစ်နယ်ဝန်းချဲ့ထွင်လှုပ်ရှားနိုင်ရန်လည်း တပြိုင်နက် အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရှိရသည်။

“ဒီထုတ်ပြန်ချက်ကတော့ ငလျင်ကြောင့် တချို့ လှုပ်ရှားမှုတွေ ကမ်ပိန်းတွေပေါ့။ ရပ်တန့်ထားရတဲ့ အခြေအနေရယ် အခုချိန်ရောက်မှ ပြန်ပြီး ထုတ်ပြန်ရတဲ့ အခြေအနေပေါ့။ ကျနော်တို့ ရှေ့ဆက်ပြီးတော့ စစ်အာဏာရှင် ကျဆုံးရေး အတွက်ကို ဆက်ပြီးတော့ ချီတက်နေတာကို ပြောချင်ပါတယ်” ဟု လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article