30 C
Yangon

ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာ စစ်တပ် ခြေကုပ်စခန်းကို လက်နက်ကြီး၊ စနိုက်ပါတို့ဖြင့် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာ စစ်တပ် ခြေကုပ်စခန်းကို လက်နက်ကြီး၊ စနိုက်ပါတို့ဖြင့် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၃

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာ စစ်တပ် ခြေကုပ်စခန်းကို လက်နက်ကြီး၊ စနိုက်ပါတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Fire Dragon P2 -3703 တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဧပြီလ ၂၁ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်း ကျေးရွာအတွင်း ခြေကုပ်စခန်းချထားသည့် နေရာများထဲမှ စစ်တပ်၏ ဒရုန်းတပ်ဖွဲ့ ခြေကုပ်ယူထားသော နေရာကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက ၆၀ မမ လက်နက်ကြီး ၂ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ညနေ ၃ နာရီ ၂၀ မိနစ် နှင့် ၃ နာရီ ၂၄ မိနစ်ခန့်တို့တွင်လည်း တာပြတ်တံတား၌ ခြေကုပ်ယူထားသော အကြမ်းဖက် စစ်သားများကို ၆၀ မမ လက်နက်ကြီး ၂ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုအပြီး တာပြတ်တံတားမှ ထွက်လာသော အကြမ်းဖက် စစ်သားများကိုပါ စနိုက်ပါ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

“လက်နက်ကြီးနဲ့ထုတာတွေက ရန်သူ့အနီးကပ်ဆုံးနေရာတွေကို ကျပါတယ်။ အခုဆိုရင် ရန်သူဘက်က နည်းနည်း ငြိမ်သွားပြီး ကြံဘိုကုန်းနဲ့ မုက္ခမူမှာ ပြင်ဆင်မှုတွေလုပ်နေတယ်။ အင်အားတွေ ထပ်တိုးချထားတယ်” ဟု Fire Dragon P2 -3703 တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ ညနေ ၄ နာရီ ၅၈ မိနစ်တွင် အဆိုပါ တာပြတ်တံတား၌ တပ်စွဲထားသော အကြမ်းဖက် စစ် သားများကို ၆၀ မမ လက်နက်ကြီးဖြင့် ၁ လုံးဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ပြီး ကျန်ထိခိုက်သေဆုံးမှုကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၃၇၀၃ တပ်ရင်း – P2.3703 (Fire Dragon) လက်နက်ကြီးအဖွဲ့မှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article