25 C
Yangon

ဘန်ကောက်တွင် KNU ထံ ပို့ဆောင်မည့် လက်နက်များကို ထိုင်းရဲ တပ်ဖွဲ့က ထပ်မံ ဖမ်းဆီး

Must read

ဘန်ကောက်တွင် KNU ထံ ပို့ဆောင်မည့် လက်နက်များကို ထိုင်းရဲ တပ်ဖွဲ့က ထပ်မံ ဖမ်းဆီး

ရန်ကုန်၊ ဧပြီ ၂၆

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ လတ်စီခရိုင် ထုန်းဆုန်ဟုန်မြို့နယ်ရှိ ကွန်ဒိုမီနီယံအခန်းတစ်ခုတွင် ကရင်အမျိုးသားအစည်းအရုံး KNU ထံ ပို့ဆောင်မည့် လက်နက်ခဲယမ်းများကို ဧပြီလ ၂၅ ရက်နေ့တွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်း ဌာနများက သတင်းဖော်ပြသည်။

ထုန်းဆုန်ဟုန်မြို့နယ်၊ ချိန်ဝပ်ထနာ ၁၂ လမ်းသွယ် ၂ ရှိ ကွန်ဒိုမီနီယံ အခန်းတစ်ခုတွင် စစ်လက်နက်များ သိုဝှက်ထားသည်ဟူသော သတင်းအရ ထုန်းဆုန်ဟုန်ရဲစခန်းမှ ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာတွင် လက်နက်နှင့် ကျည်ကတ် အမြောက်အများကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်းသိရှိရသည်။

အဆိုပါ ကွန်ဒိုမီနီယံအခန်းတွင် နေထိုင်သူသည် ဧပြီလ ၁၂ ရက်နေ့ကစ၍ အခန်းမှ ထွက်ခွာသွားပြီး ယခုအချိန်ထိ ပြန်မလာသေးကြောင်း ကွန်ဒိုအဆောက်အဦး၏ တာဝန်ရှိသူက ပြောကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

ဧပြီ ၂၃ ရက်‌နေ့က ချင်းမိုင်ခရိုင်၊ မယ်ဟောင်ဆောင် ခရိုင်တွင် KNU ထံပို့မည့် စစ်လက်နက်များနှင့်အတူ အမျိုးသားနှစ်ဦးကို ဖမ်းမိခဲ့သည့် နောက်ဆက်တွဲ အမှုဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အမျိုးသားနှစ်ဦးက ချင်းမိုင်ခရိုင်၊ မြို့နယ်၊ ချမ်းဖူးအိတ်ရပ်ကွက်မှ သေနတ်များကို မယ်ဟောင်ဆောင်ခရိုင်ရှိ ကရင်အမျိုးသားအစည်းအရုံးအဖွဲ့သို့ ပို့ဆောင်ရန် ငှားရမ်းခံခဲ့ရကြောင်း ဝန်ခံခဲ့သည်။

ဘန်ကောက်တွင် ဖမ်းဆီးရမိသည့် လက်နက်များကိုလည်း ကရင်အမျိုးသားအစည်းအရုံး (KNU)အဖွဲ့သို့ ပို့ဆောင်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article