ဒီကနေ့ မေ ၂ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရှမ်းပြည်နယ်မြောက်ပိုင်းက MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကို တရုတ်နိုင်ငံ အကူအညီနဲ့ ပြန်လည် တောင်း ယူထားတဲ့ အကြမ်းဖက် စစ်ကောင်စီက လားရှိုးမြို့မှာ အရင်လို သူတို့ရဲ့ ရမခ တိုင်းစစ်ဌာနချုပ် ကြီး ပြန်လည်ဖွင်လှစ်ဖို့ မရှိတော့ပဲ မိုင်းရယ် နဲ့ တန့်ယန်းဘက်မှာသာ မြို့သစ်ဖော် အခြေစိုက်ထားတယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
- မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က နောက်ဆက်တွဲ ငလျင်ဒဏ် ကူညီကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေ လုပ်လို့ရအောင် ထိုးစစ်တွေမလုပ်ပဲ အပစ်အခတ်ရပ်စဲရေး ကာလကို နောက်ထပ် ၁ လ ထပ်မံ သက်တမ်းတိုး လိုက်တယ်လို့ မေလ ၁ ရက်နေ့ဖြစ်တဲ့ မနေ့ကညပိုင်းမှာပဲ တရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်။
- ဧရာဝတီတိုင်းက ဖျာပုံမြို့နယ်မှာလည်း ၂ လကျော်ကြာ ပျောက်ဆုံးနေတဲ့ မဖူးဖူးရွှေစင်ကို အလောင်းအရိုးစု အဖြစ်သာ ပြန်လည်တွေ့ရှိရပြီး လူသတ်တရားခံလို့ သံသယရှိတဲ့ မောင်ဝမ်းကွဲ အပါအဝင် လူ ၄ ဦးကို ဖမ်းဆီးစစ်ဆေးနေတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
