ဒီကနေ့ မေ ၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အမျိုးသားညီညွတ်ရေးအစိုးရ-NUG က တရုတ်နိုင်ငံရဲ့ ရန်သူမဟုတ်တဲ့အတွက် တရုတ်နိုင်ငံဘက်က မြန်မာ့အရေး ကြားဝင် ဖျန်ဖြေမှုမှာ စစ်အာဏာရှင် သက်ဆိုးရှည်အောင် လုပ်တဲ့ပုံစံမျိုး မဖြစ်သင့်ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်ပါတယ်။
- ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်က လဝါးကျေးရွာမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ဆုတောင်း တောင် တပ်စခန်းကို KIA-PDF ပူးပေါင်းတပ်တွေက အပြီးသတ် သိမ်းပိုက်လိုက်ပြီး ၊ စစ်ကောင်စီ တပ်သား အလောင်း ၁၃ လောင်းနဲ့အတူ နောက်ထပ် စစ်သား ၁ ဦးကိုပါ အရှင်ဖမ်းဆီးရမိ ထားတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အကြမ်းဖက် စစ်ကောင်စီက ပြန်လည်စစ်ဆေးမယ့် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုမည့်သူ နည်းပါး နေလို့ဆိုပြီး ကျောင်းသားကျောင်းသူတွေ နဲ့ မိဘတွေကို စစ်ကောင်စီတပ်က ဖိအားပေး ခြိမ်းခြောက် နေရုံတင်မက မန္တလေးမြို့မှာဆိုရင် စာမေးပွဲ လာဖြေကြဖို့ လော်စပီကာနဲ့ပါ လိုက်အော်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
