29 C
Yangon

Khit Thit သတင်းဌာန၏ မေ ၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ မေ ၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၃ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNLA က သိမ်းပိုက်ထားတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ် ၊ မိုးကုတ် မြို့နယ်တို့က TNLA တပ်တွေ ပြန်လည်ဆုတ်ခွာဖို့ စစ်ကောင်စီတောင်းဆိုမှု TNLA က ပယ်ချလိုက် တယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ပဲခူးတိုင်း၊ မူးမြို့နယ်မှာ အကြမ်းဖက်စစ်တပ် အထိုင်ချတပ်စွဲထားတဲ့ ကျေးရွာ ၅ ရွာကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ရာ စစ်တပ်ဘက်က ဒုတပ်ရင်းမှူး ၁ ဦးနဲ့ အရာခံဗိုလ် ၁ ဦး အပါအဝင် သေဆုံးသူများပြားခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ်လှည့်ကင်းက ကျေးရွာတွေကနေ ဈေးဝယ်ပြန်လာတဲ့ ပြည်သူတွေနဲ့ ခရီးသွားတွေကို ဖမ်းဆီးပြီး ၁ ဦးကို ငွေကျပ်သိန်း ၅၀ နဲ့ ရွေးခိုင်းကာ ငွေကြေး မပေးနိုင်သူ တွေကို အမှတ် ၈ လေ့ကျင့်ရေးတပ်ထဲမှာ ဖမ်းဆီးထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article