27 C
Yangon

ဗန်းမော်မြို့ သိမ်းတိုက်ပွဲတွင် စကခ ၂၁ ကို အပြီးသတ် သိမ်းပိုက်ရရှိရန် နီးစပ်လာ၊ ဖားကန့်-ကာမိုင်း လမ်းပိုင်းတွင် တိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ် အထိနာနေ

Must read

ဗန်းမော်မြို့ သိမ်းတိုက်ပွဲတွင် စကခ ၂၁ ကို အပြီးသတ် သိမ်းပိုက်ရရှိရန် နီးစပ်လာ၊ ဖားကန့်-ကာမိုင်း လမ်းပိုင်းတွင် တိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ် အထိနာနေ

ရန်ကုန်၊ မေ ၃

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် စစ်တပ်၏ နောက်ဆုံးလက်ကျန်စစ်စခန်းကြီးဖြစ်သော စကခ ၂၁ ကို အပြီးသတ် သိမ်း ပိုက်ရရှိရန် နီးစပ်လာနေပြီဖြစ်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ နေ့စဉ် တိုက်ပွဲ ပြင်းထန်နေပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုများရှိနေကြောင်း၊ စစ်တပ်က လည်းနေ့စဉ် လေကြောင်းတိုက်ခိုက်မှုများကို လေယာဉ်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်နေကြောင်း၊ တော်လှန်ရေးတပ်များက မြို့၏ နေရာများအစုကို စီးနင်းမိထားသော်လည်း စစ်တပ်က ဆက်လက်ခုခံနေဆဲဖြစ်ကြောင်း သိရှိရသည်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ယမန်နှစ် ဒီဇင်ဘာလမှစတင်ခဲ့ခြင်းဖြစ်ပြီး ယခု ၅ လ ကြာမြင့်လာချိန်အထိ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ကြောင်း၊ စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် ဗန်းမော်မြို့၏ နေရာအများစုမှာ မီးလောင် ပျက်စီးလျက်ရှိကြောင်း သိရှိရသည်။

အလားတူ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝါ-ကားမိုင်း -ဖားကန့်လမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ် သားများ အထိနာလျက်ရှိကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၂ ရက် ဖားကန့်မြို့နယ်၊ လဝါရွာသို့ ရောက်ရှိနေသော အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှုများပြားပြီး ယင်းနေ့ နံနက် ၁၁ နာရီခန့်တွင် တစ်ကြိမ်၊ ၁၂ နာရီခန့်တွင် တစ် ကြိမ် လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်တပ်စစ်ကြောင်းတွင် ပြည်သူ့စစ်နှင့် SNA တပ်ဖွဲ့များ ပူးပေါင်းပါဝင်နေပြီး အင်အား ၆၀၀ ခန့်ရှိကာ လဝါ -ကာမိုင်း -ဖားကန့်လမ်းပိုင်းကို ထိုးဖောက်နိုင်ရန် လက်နက်ကြီး၊ လေ ကြောင်း၊ ဒရုန်းပစ်ကူများဖြင့် တဖြည်း ဖြည်းချီတက်နေခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့တုန်းကဆိုရင်လည်း လဝါရွာအနီးတဝိုက်မှာ ဖားကန့် လမ်းပိုင်မှာ စစ်ကြောင်း ထိုးနေတဲ့ စစ် ကောင်စီ၊ ပြည်သူ့စစ်၊ SNA ပူးပေါင်းစစ်ကြောင်းနဲ့ KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်း ထန် တယ်။ မနေ့တုန်းကဆိုရင် လဝါရွာနားမှာသူတို့ အိမ်တစ်အိမ်မှာရှိနေတဲ့ အချိန် KIA ၊ PDF တပ်ဖွဲ့က ဒရုန်းနဲ့တိုက်တာမှာ အထိအခိုက်များတယ်။ သူတို့ဘက်ကအထိခိုက် များတော့ မနေ့က မနက်ပိုင်း ၁၁ နာရီလောက်မှာတစ်ကြိမ်၊ ၁၂ နာရီလောက်မှာ တစ်ကြိမ် လေကြောင်း တိုက်ခိုက်မှု ၂ ခေါက်လုပ် သွားတယ်။” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့ မေလ ၂ ရက် ညနေ ၃ နာရီခွဲခန့်က ဖားကန့်မြို့နယ်၊ ကံဆည်းဗျူကုန်းသို့ ဗျူဟာမှူး အသစ်ပို့ဆောင်ရန် ရဟတ်ယာဉ် တစ်စီးဆင်းသက်ခဲ့ပြီး ထိုသို့ ဆင်းသက်နိုင်ရန် ဝေဟင်မှ ဂျက်ဖိုက် တာတစ်စီးဖြင့် ကင်းထောက်ပျံဝဲခဲ့ကြောင်း၊ ဖားကန့်တပ်မကုန်းကို KIA ၊ KPDF တပ်ဖွဲ့များက ပိတ် ဆို့ထားသဖြင့် ရဟတ်ယာဉ်ဆင်းသက်နိုင်ခြင်းမရှိကြောင်း သိရသည်။

“မနေ့တုန်းက ညနေ ၃ နာရီခွဲလောက်မှာလည်း ဖားကန့် ၊ ကန်ဆည်းဗျူဟာကုန်းကို ရဟတ်ယာဉ် တစ်စီးဆင်းတယ်။ ဗျူဟာမှူး အပြောင်းအရွှေ့ ရှိတယ် ကြားတယ်။ လူကြီးလာပို့တာပေါ့။ ပြီးလို့ရှိရင် ဂျက်ဖိုက်တာ တစ်စီးက အပေါ်ကနေ ဝဲပြီး ပတ်ပေးတယ်။ ခွေးတွေကတော့ ဖားကန့်တပ်မကုန်းမှာ လေယာဉ်မဆင်းရဲတော့ ကန်ဆည်းမြောက်ဘက်ခြမ်းမှာ ရှိတဲ့ ဗျူဟာကုန်းပဲဆင်းတာ။ တပ်မကုန်း မှာ က တွယ်ဖို့စောင့်နေတော့ သူတို့မဆင်းရဲဘူး။” KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့အတူ ဖားကန့်မြို့အဝင်လမ်းများဖြစ်သည့် ကာမိုင်း – နန့်ယား – ဖားကန့် ၊ အင်းတော်ကြီး – ဝှေခါ – ဖား ကန့်လမ်းပိုင်းနှင့် တာမခန် – ဆယ်စင်း – ဖားကန့်ပိုင်း ၃ ခုလုံးကို KIA ၊ KPDF တပ်ဖွဲ့များက ထိန်း ချုပ်ထားပြီး ဖားကန့်မြို့ကို ဖောက်နိုင်ရန် အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားအလုံး အရင်းဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း၊ ဖားကန့်မြို့ပေါ်တွင်မူ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးကြောင်း သိရသည်။

“အကြမ်းဖက်စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေး ကြေညာထားပေမယ့် ကချင်ပြည်နယ်တော့ စစ် ကြောင်းတောက်လျှောက်ထိုးနေတယ်။ လဝါ -ကာမိုင်း-ဖားကန့်လမ်းပိုင်းမှာ အင်အား ၆၀၀ လောက် ပါတဲ့စစ်ကြောင်းက ဖားကန့်ဘက်ကို စစ်ကြောင်းထိုးတာ တစ်ပတ်ကျော်ပြီ။ တိုက်ပွဲတွေ နေ့တိုင်း တောက်လျှောက်ဖြစ်နေတယ်။ ဖားကန့်ကိုလည်းစစ်အင်အားတွေဖြည့်တင်းနေတယ်။ KIA ၊ KPDF တွေထိန်းချုပ်ထားတဲ့ ဖားကန့်လမ်းပိုင်းကို သူတို့က ပြန်လိုချင်တာပေါ့။ အဲဒါကြောင့် စစ်ကြောင်း တောက်လျှောက်ထိုးနေတာတွေရှိတယ် ၊ လက်နက်ကြီး ပစ်ကူ၊ ဒရုန်းပစ်ကူတွေနဲ့ တစ်ရက်ကို နည်းနည်းချင်းဆီရှေ့တိုးလာတာပေါ့။” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

ဓာတ်ပုံ- KIA တပ်သား တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article