26 C
Yangon

မကွေးဗဟိုထောင်တွင် နိုင်ငံရေး အကျဉ်းသား အစ္စလာမ် ဘာသာရေးခေါင်းဆောင် ကိုမြတ်ကို ကို အကျဉ်း ဦးစီး အရာရှိ မင်းလွင်ဦး ခေါင်းဆောင်သော အဖွဲ့က ဝိုင်းဝန်း ရိုက်နှက်မှုကြောင့် သေဆုံး

Must read

မကွေးဗဟိုထောင်တွင် နိုင်ငံရေး အကျဉ်းသား အစ္စလာမ် ဘာသာရေးခေါင်းဆောင် ကိုမြတ်ကို ကို အကျဉ်း ဦးစီး အရာရှိ မင်းလွင်ဦး ခေါင်းဆောင်သော အဖွဲ့က ဝိုင်းဝန်း ရိုက်နှက်မှုကြောင့် သေဆုံး

ရန်ကုန်၊ မေ ၃

မကွေးတိုင်း၊ မကွေးဗဟိုထောင်တွင် နိုင်ငံရေး အကျဉ်းသား အစ္စလာမ် ဘာသာရေးခေါင်းဆောင် ကိုမြတ်ကို ကို အကျဉ်း ဦးစီး အရာရှိ မင်းလွင်ဦး ခေါင်းဆောင်သော အဖွဲ့က ဝိုင်းဝန်း ရိုက်နှက်မှုကြောင့် သေဆုံးခဲ့ကြောင်း အကျဉ်းထောင်တွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၇ ရက်နေ့တွင် မကွေးဗဟို အကျဉ်းထောင်ရှိ နိုင်ငံရေး အကျဉ်းသား အစ္စလာမ်ဘာသာရေး ခေါင်းဆောင် ကိုမြတ်ကို ကို အကျဉ်းဦးစီးဌာနမှ ဦးစီး အရာရှိ မင်းလွင်ဦး (ခ) ကျွဲကြီး ဦးစီးပြီး ဒုဦးစီးမှူး သိန်းဝင်း ၊ ဒုဦးစီးမှူး ဝင်းနိုင်၊ အိပ်ဆောင်(၃) အဆောင်မှူး ကျော်ဆန်းဦးတို့က ပြစ်ဒဏ်တိုက်တွင် လူမဆန်စွာ ရိုက်နှက်မှ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကိုမြတ်ကို က ရန်ဖြစ်လို့ သေတာမဟုတ်ဘူး။ ရည်ရွှယ်ချက်ရှိရှိ အသတ်ခံရတာ ဘာသာရေးကိစ္စနဲ့ ပတ်သက်ပြီး အကျဉ်း ဦးစီး ဝန်ထမ်း တွေနဲ့တော့ ယခင်က အပြန်အလှန် စကားများဖူးတာတော့ရှိတယ်။ အဲတာကို မကျေနပ်လို့ အခွင့်အရေးရတဲ့အချိန် ခြေခြင်းခတ် လက်ထိပ်ခတ်ပြီး ပြစ်ဒဏ်တိုက်ပို့ နေပူလှန်းပြီး စိတ်ကြိုက်ရိုက်ကြတာ” ဟု အကျဉ်းထောင်တွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။

သေဆုံးသွားသော ကိုမြတ်ကို၏ ရုပ်အလောင်းအတွင် ဆံပင် ကတုံးနှင့် မုတ်ဆိတ်၊ နှုတ်ခမ်းမွှေးများ အကုန် ပြောင်စင်အောင်ရိတ်ထားပြီးမှ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကိုမြတ်ကို၏ ရုပ်အလောင်းတွင်လည်း ခေါင်းအစ ခြေအဆုံး ဒဏ်ရာအပြည့်ရှိပြီးရည်ရွယ်ချက်ရှိရှိ အရာ အဆင့်ရှိသူ ၄ ဦးက ခြေခြင်းခတ်ပြီး နေပူကွင်းပြင်ကြီးတွင် နံနက်တစ်ကြိမ် ညနေတစ်ကြိမ် ထုတ်ရိုက်ပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မင်းလွင်ဦး(ခ) ကျွဲကြီးက မုတ်ဆိတ်တွေ နှုတ်ခမ်းမွှေးတွေ ဆံပင်တွေ ရိတ်ခိုင်းတယ်။ ဒုဦးစီးမှူး-သိန်းဝင်း က လေမျိုကို လက်သီးနဲ့ ၅ ချက်မကထိုးတယ်။ ဒုဦးစီးမှူး-ဝင်းနိုင်က နောက်ကြောနဲ့ ခေါင်းတွေကို တုတ်နဲ့ ရိုက်တယ်။ အဆောင် ၃ အဆောင်မှူး ကျော်ဆန်းဦးက မျက်နှာတွေကို လက်သီးနဲ့ ထိုးတယ် ရိုက်နေရင်နဲ့ကို မုတ်ဆိတ်တွေ ဆံပင်တွေကို စက်ကပ်ကြေးနဲ့ မင်းလွင်ဦးက ထိုးခိုင်းနေတာကို မြင်ရတယ်။ ကိုမြတ်ကိုက ဘာသာရေးအရ မုတ်ဆိတ်အရှည် ထားတာ ကုလားဆိုရင် မင်းလွင်ဦးက ဘာသာရေးအရလည်း မုတ်ဆိတ်အရှည် နှုတ်ခမ်းမွှေး အရှည်ထားခွင့်မရှိဘူး သူကကုလားအရမ်းမုန်းတာ” ဟု အကျဉ်းထောင်တွင်း သတင်းရင်းမြစ်များက ဆက်လက် ပြောဆိုသည်။

ကိုမြတ်ကို သေဆုံးမှုကို အမှုဖွင့် အရေးယူနိုင်ရန် မိသားစုဝင်များ၊ နိုင်ငံရေး အသိုင်းအဝိုင်းများနှင့် ဘာသာရေး အသိုင်းအဝိုင်းများကလည်း ပါဝင် ကူညီသင့်ကြောင်း၊ ကိုမြတ်ကို မတရား နှိပ်စက် သတ်ဖြတ်ခံရခြင်းကို နှုတ်ပိတ်နေပါက အကျဉ်းထောင် အတွင်း ကျန်ရှိနေသော အကျဉ်းသားများသည် အသက်အန္တာရယ်စိုးရိမ်ရကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများကလည်း ထောင်တွင်းအနိုင်ကျင့်မှုများကို သွားရောက် စစ်ဆေးသင့်ကြောင်း၊ ကိုမြတ်ကို အသတ်ခံရမှုနှင့် ပတ်သက်သော ထောင်တွင်း ဆေးရုံအုပ်နှင့် မှုခင်း ဆရာဝန်များ၏ ဆေးစစ်ဆေးချက်များကိုလည်း ပြန်လည် စစ်ဆေးရန် လိုအပ်ကြောင်း အကျဉ်းထောင်တွင်း သတင်းရင်းမြစ်များက ဆက်လက်ပြောဆိုသည်။

ထို့ပြင် အကျဉ်းဦးစီးဌာနမှ ဦးစီး အရာရှိ မင်းလွင်ဦး (ခ) ကျွဲကြီးသည် ၎င်းတို့ မကျေနပ်သည့် အကျဉ်းသားများကို ထုတ်ရိုက်ခြင်းများလည်း လုပ်ဆောင်ကြောင်း၊ ထို့ပြင် နိုင်ငံရေး အကျဉ်းသားများ ဆေးခန်းပြသွားရာတွင်လည်း သတင်းပို့ နောက်ကျပါက လက်သီးဖြင့် ထိုးကြိတ်ခြင်းများလည်း လုပ်ဆောင်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article