32 C
Yangon

ရုရှား၏ အပစ်ရပ်ကမ်းလှမ်းချက်ကို ပယ်ချပြီးနောက် မင်းအောင်လှိုင် အပါအဝင် နိုင်ငံတကာခေါင်းဆောင်တချို့ တက်မည့် နှစ် ၈၀ ပြည့် ရုရှားရင်ပြင်နီ အောင်ပွဲအခမ်းအနား လုံခြုံရေးကို တာဝန်မယူဟု ယူကရိန်း သမ္မတ သတိပေး

Must read

ရုရှား၏ အပစ်ရပ်ကမ်းလှမ်းချက်ကို ပယ်ချပြီးနောက် မင်းအောင်လှိုင် အပါအဝင် နိုင်ငံတကာခေါင်းဆောင်တချို့ တက်မည့် နှစ် ၈၀ ပြည့် ရုရှားရင်ပြင်နီ အောင်ပွဲအခမ်းအနား လုံခြုံရေးကို တာဝန်မယူဟု ယူကရိန်း သမ္မတ သတိပေး

ရန်ကုန်၊ မေ ၄

အကြမ်းဖက် မင်းအောင်လှိုင် အပါအဝင် နိုင်ငံတကာခေါင်းဆောင်တချို့ တက်ရောက်မည့် နှစ် ၈၀ ပြည့် ရုရှားရင်ပြင်နီအောင်ပွဲအခမ်းအနား လုံခြုံရေး တာဝန်မယူဟု ယူကရိန်း သမ္မတ Volodymyr Zelenskyက သတိပေးလိုက်သည်။

မေလ ၉ ရက်နေ့ ရုရှားနိုင်ငံ ရင်ပြင်နီတွင် ပြုလုပ်မည့် ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် တရုတ်သမ္မတ Xi Jinping ၊ အကြမ်းဖက် မင်းအောင်လှိုင် အပါအဝင် နိုင်ငံတကာတချို့ ခေါင်းဆောင်များ တက်ရောက်ရန်ရှိနေပြီး ယူကရိန်းသမ္မတက ရုရှားနိုင်ငံအတွင်း ဖြစ်ပျက်မှုများအတွက် တာဝန်ယူမည်မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။

နှစ် ၈၀ ပြည့် ရင်ပြင်နီအောင်ပွဲ အထိမ်းအမှတ်အတွက် မေလ ၈ ရက်နေ့မှ မေလ၁၀ ရက်နေ့အထိ အပစ်အခတ်ရပ်စဲရန် ရုရှားသမ္မတ ပူတင်၏ အဆိုပြုချက်ကိုလည်း ယူကရိန်းသမ္မတက ပယ်ချခဲ့ပြီး ရုရှားနိုင်ငံထဲမှာ မေ ၉ ရက်နေ့ ဖြစ်ပေါ်လာမည့် အခြေအနေများအတွက် တာဝန်ယူမယူနိုင်ကြောင်း တရားဝင် ပြောဆိုလာခြင်းဖြစ်သည်။

ယူကရိန်းသမ္မတ၏ ပြောဆိုချက်သည် ရုရှားနိုင်ငံသို့ လာရောက်မည့် နိုင်ငံတကာ ခေါင်းဆောင်များ ၏ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်နေပြီး အကြမ်းဖက်ရန် ခြိမ်းခြောက်မှုအဖြစ် ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မာရီယာ ဇာခါရိုဗာက တုံ့ပြန်​ပြောဆိုသည်။

ရုရှားနိုင်ငံတွင် မေလ ၉ ရက်နေ့​ ပြုလုပ်မည့် ရင်ပြင်နီ ချီတက်ပွဲသို့ စစ်ကောင်စီဘက်မှလည်း ပါဝင်တက်ရောက် ချီတက်မည်ဖြစ်ပြီး အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ မေလ ၇ ရက်နေ့ ရှရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article