အသွင်ကူးပြောင်းရေး အစိုးရ ဖွဲ့စည်းရန် နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရန် စစ်ကောင်စီနှင့် အပစ်ရပ် လက် မှတ် ထိုးထားသော ရှမ်း RCSS အပါအဝင် တိုင်းရင်းသားအဖွဲ့ ၇ ခုက တောင်းဆို
ရန်ကုန်၊ မေ ၅
ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အစိုးရဖွဲ့စည်းရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရန် အပါအဝင် အချက် ၅ ချက်ကို စစ်ကောင်စီနှင့်အပစ်ရပ် လက် မှတ်ရေးထိုးသော ရှမ်း RCSS အပါအဝင် တိုင်းရင်းသားအဖွဲ့ ၇ ခု(7 EAO Alliance) က ယနေ့ ထုတ်ပြန်တောင်းဆိုသည်။
ဧပြီလ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပခဲ့သော 7 EAO Alliance (၄/၂၀၂၅) ဦးဆောင်အဖွဲ့အ စည်းအဝေးတွင် လက်ရှိ နိုင်ငံအတွင်း ရင်ဆိုင်တွေ့ကြုံနေရသော နိုင်ငံရေးအကျပ် အတည်း ကို ကျော်လွှားနိုင်ရေးအတွက် 7 EAOများ က ချမှတ်ထားသော ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူး ပြောင်း ရေးအစီ အစဥ် ကို ပြန်လည်ပြီး သုံးသပ်ပြင်ဆင်နိုင်ခဲ့ကြပြီး ရှေ့လုပ်ငန်းစဥ်များဆိုင်ရာ လမ်း ညွှန်သဘောထားများ ကို ချမှတ်ကြောင်း သိရှိရသည်။
7 EAO Alliance ၏ ဖက်ဒရယ်ဒီမိုကရေစီအသွင်ကူး ပြောင်းရေးအစီအစဉ်အဆိုပြုချက်များမှာ ပဋိ ပက္ခတွင် ပါဝင်သူအဖွဲ့များအားလုံးသည် တနိုင်ငံလုံးအတိုင်းအတာဖြင့် ကြိုတင်စည်းကမ်း သတ်မှတ် ချက် မရှိဘဲ ပဋိပက္ခတွင်ပါဝင်သည့် အစုအဖွဲ့များအားလုံးက အပစ်ရပ်ကြေညာရန်၊ သက်ဆိုင်သူများ အကြား ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆိုင်ရာ ကတိကဝတ်ပြုရန်၊ ဖက်ဒရယ်ဒီမိုကရေစီ အသွင် ကူးပြောင်းရေး အစိုးရဖွဲ့စည်းရန်၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲ ရန် နှင့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရွေးကောက်ပွဲကျင်းပရန်တို့ဖြစ်သည်။
အဆိုပါ ထုတ်ပြန်ကြေညာချက်နှင့်ပတ်သက်၍ 7 EAO Alliance ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ များကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုရန် ငြင်းဆိုကြသည်။
7 EAO Alliance တွင် ရှမ်း RCSS ၊ မွန်(NMSP)၊ ရခိုင် ALP ၊ ပအို့အဖွဲ့ ၊ လားဟူ (LDU)၊ ကရင် DKBA ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) တို့ပါဝင်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်ဆစ်။
