29.2 C
Yangon

မင်းလှမြို့နယ်၊ ဦးတိုမြန်မာစုရွာမှ ပြည်သူပိုင် ပစ္စည်း အားလုံးကို စစ်တပ်က ယူဆောင်သွားပြီးနောက် ယနေ့ ညပိုင်းတွင် နေအိမ်များကို မီးရှို့နေ

Must read

မင်းလှမြို့နယ်၊ ဦးတိုမြန်မာစုရွာမှ ပြည်သူပိုင် ပစ္စည်း အားလုံးကို စစ်တပ်က ယူဆောင်သွားပြီးနောက် ယနေ့ ညပိုင်းတွင် နေအိမ်များကို မီးရှို့နေ

ရန်ကုန်၊ မေ ၅

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဦးတိုမြန်မာစုရွာမှ ပြည်သူပိုင် ပစ္စည်း အားလုံးကို အကြမ်းဖက် စစ်တပ်က ယူဆောင်သွားပြီးနောက် ယနေ့ ညပိုင်းတွင် နေအိမ်များကို မီးရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ မေလ ၅ ရက်နေ့ ညနေ ၆ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ဦးတိုမြန်မာစုရွာမှ ပြည်သူပိုင် ပစ္စည်းအားလုံးကို စစ်ကားဖြင့် လာရောက် သယ်ဆောင်သွားပြီးနောက် စစ်ကောင်စီ တပ်သားများက ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီး နေခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်‌ကောင်စီ တပ်သားများသည် ကျေးရွာအတွင်း နေထိုင်သော ဦးဌေးလှိုင် နေအိမ်မှ စတင်ကာ မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ပြီး လက်ရှိချိန်တွင် ကျေးရွာနေပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“စာသင်ကျောင်းရှေ့က ဦးဌေးလှိုင် အိမ်ကနေစပြီး စစ်ခွေးတွေက မီးစရှို့နေတာ ပြီးတော့ ရွာအနောက်ပိုင်းက အိမ်တွေကို အကုန်မီးရှို့နေတယ်။ မီးမရှို့ခင် အိမ်တွေက ပစ္စည်းတွေကို စစ်ခွေးတွေက ဝင်မွှေပြီး စစ်ကားနဲ့တိုက်ယူသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဦးတိုကညင်ပင်ရွာ၌ တပ်ဆွဲထားခြင်းဖြစ်ပြီး လက်ရှိချိန်တွင် စစ်ကားများဖြင့် အင်အား ထပ်မံ ဖြည့်တင်းနေကြောင်း သိရသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article