33 C
Yangon

ယူကရိန်းသမ္မတ၏ ခြိမ်းခြောက်မှုရှိနေသော်လည်း ရှရှားနိုင်ငံ၊ ရင်ပြင်နီ ဒုတိယကမ္ဘာစစ်ပြီးဆုံးသော နှစ် ၈၀ ပြည့်အခမ်းအနားသို့ မင်းအောင်လှိုင်နှင့်အတူ ကြူကြူလှက First Lady အဖြစ် ပထမဆုံး ပွဲတက်မည်

Must read

ယူကရိန်းသမ္မတ၏ ခြိမ်းခြောက်မှုရှိနေသော်လည်း ရှရှားနိုင်ငံ၊ ရင်ပြင်နီ ဒုတိယကမ္ဘာစစ်ပြီးဆုံးသော နှစ် ၈၀ ပြည့်အခမ်းအနားသို့ မင်းအောင်လှိုင်နှင့်အတူ ကြူကြူလှက First Lady အဖြစ် ပထမဆုံး ပွဲတက်မည်

🟥 မေလ ၇ ရက်နေ့နံနက်ပိုင်း နေပြည်တော်လေဆိပ်မှ ထွက်ခွာပြီး လမ်း ခုလတ် တရုတ်ပြည်တွင် လေယာဉ်ဆီဖြည့် ခရီးတစ်ထောက်နားမည်

ရန်ကုန်၊ မေ ၆

ယူကရိန်းသမ္မတဇလန်စကီး၏ ခြိမ်းခြောက်မှုရှိနေသော်လည်း ရှရှားနိုင်ငံ၊ ရင်ပြင်နီ နှစ် ၈၀ ပြည့်အခမ်းအနားသို့ မင်းအောင်လှိုင်နှင့်အတူ ကြူကြူလှက First Lady အဖြစ် ပွဲတက်မည်ဖြစ်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

မေလ ၉ ရက်နေ့ ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ ရင်ပြင်နီတွင် ပြုလုပ်မည့် ဒုတိယကမ္ဘာစစ်ပြီးဆုံးသည့် ရင်ပြင်နီအောင်ပွဲ အခမ်းအနားသို့ မင်းအောင်လှိုင်နှင့်အတူ မိန်းမဖြစ်သူ ကြူကြူလှက First Lady အဖြစ် ပွဲတက်မည်ဖြစ်ကြောင်း၊ ထိုသို့ ပွဲတက်ရန် ရုရှားနိုင်ငံက ကြူကြူလှကို တရားဝင် ဖိတ်ကြားခဲ့ကြောင်း သိရှိရသည်။

“တပ်ချုပ်ဇနီးကို တရားဝင် ဖိတ်ကြားတာဖြစ်လို့ ရုရှားခရီးစဉ်မှာ ပါမယ်။ နိုင်ငံ တော်အဆင့် First Lady အဖြစ် ပြည်ပမှာ ပထမဆုံး တက်တဲ့ ပွဲလည်းဖြစ်ပါတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။

ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် နှစ် ၈၀ ပြည့် ရင်ပြင်နီ အောင်ပွဲနေ့ အတွက် မေလ ၈ ရက်နေ့မှ မေလ ၁၀ ရက်နေ့ အထိ ၃ ရက်ကြာ အပစ်အခတ်ရပ်စဲရန် ရုရှား၏ ကမ်းလှမ်းချက်ကို မေလ ၃ ရက်နေ့တွင် ယူကရိန်းသမ္မတ ဇန်လစကီးက ပယ်ချခဲ့သည့်အပြင် ရုရှားက ဖိတ်ကြားထားသော နိုင်ငံတချို့၏ ခေါင်းဆောင်များ၏ လုံခြုံရေးကို အာမခံချက် မပေးနိုင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

မင်းအောင်လှိုင်နှင့် မိန်းမ ကြူကြူလှ ၊ စစ်ဗိုလ်ချုပ်များသည် မေလ ၇ ရက်နေ့ နံနက်ပိုင်း MAI Airbus A319-115- XY-XLK လေယာဉ်ဖြင့် နေပြည်တော်လေဆိပ်မှ ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ ထွက်ခွာမည်ဖြစ်ပြီး လမ်းခရီးတွင် ခရီးတစ်ထောက်အဖြစ် တရုတ်နိုင်ငံတွင် ခေတ္တဆင်းသက်ရပ်နား၍ လေယာဉ်ဆီဖြည့်မည်ဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article