Khit Thit သတင်းဌာန၏ မေ ၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ မေ ၆ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ယူကရိန်းသမ္မတဇလန်စကီးရဲ့ ခြိမ်းခြောက်မှုရှိနေပေမယ့် ရှရှားနိုင်ငံ၊ ရင်ပြင်နီ နှစ် ၈၀ ပြည့်အခမ်းအနားကို အကြမ်းဖက် မင်းအောင်လှိုင်နဲ့အတူ ကြူကြူလှကပါ First Lady အဖြစ် ပွဲတက်ဦးမှာဖြစ်တယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
အမေရိကန်ကို ပစ်မှတ်ထားတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုတွေအတွက် အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ BGF ခေါင်းဆောင် စောချစ်သူ နဲ့ သူ့ရဲ့ သား ၂ ဦးကို အမေရိကန်အစိုးရက ဒဏ်ခတ် ပိတ်ဆို့လိုက်တယ်လို့ တရားဝင်ကြေညာလိုက်ပါတယ်။
-မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကုက္ကိုတန်း ကျေးရွာဘက်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာပြန်တဲ့ အကြမ်း ဖက် စစ်ကောင်စီတပ်ကို တောလှန်ရေးပူးပေါင်းတပ်တွေက အသင့်စောင့်ပြီး တိုက်ခိုက်ခြေမှုန်းရာမှာ စစ်ကောင်စီ တပ်သား ၂၇ ဦးကတော့ အသီးသီး သေကုန်ကြပြန်ပြီး လေကြောင်းပစ်ကူခေါ်ရတဲ့အထိ စစ်တပ် ဘက်က တော်တော်ကို အထိနာသွားကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
