Khit Thit သတင်းဌာန၏ မေ ၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ မေ ၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မြန်မာနိုင်ငံအရေးဟာ ကမ္ဘာ့အခင်းအကျင်းနဲ့ပါ ဆက်စပ်လာပြီး အကြမ်းဖက် စစ်ကောင်စီရဲ့ လူမ ဆန် မှုတွေကို အားပေးအားမြှောက် လုပ်နေတဲ့ ကိုယ်ကျိုးရှာ အမြတ်ထုတ်တဲ့ ပြည်ပနိုင်ငံတချို့ပါ ရှိလာ နေပြီ လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သတိပေးပြောဆိုလိုက်ပြီး နွေဦးတော်လှန်ရေး တစ်ခု လုံးအနေနဲ့ ရေရှည်တောင်ခံနိုင်မှုကြောင့် အောင်ပွဲရရှိခဲ့တဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲအတိုင်း မဟာမိတ် တွေနဲ့အတူ ဟန်ချက်ညီညီတိုက်ပွဲဝင်ရင် အဆုံးသတ် မဟာဗျူဟာမြောက်တိုက်ပွဲကြီးရဲ့ အောင်ပွဲဟာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက်ပဲ ဖြစ်လိမ့်မယ်လို့ ဆိုလိုက်ပါတယ်။
စစ်ကိုင်းတိုင်းက အင်းတော်မြို့သိမ်းတိုက်ပွဲမှာ လက်နက်ချ အညံ့ခံတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦး နဲ့ သုံ့ပန်းတွေက စစ်တပ်ရဲ့ တရားမဲ့မှုတွေအတွက် နောင်တရတယ်လို့ ဝန်ခံပြီး နွေဦးတော်လှန်ရေးအတွက် တတ်နိုင်သမျှ ထည့်ဝင်မယ့်အကြောင်းကိုပါ ကတိပြုခဲ့တယ်လို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကနေ တရားဝင် ထုတ်ဖော်ပြောဆို လိုက်ပါတယ်။
အကြမ်းဖက်မင်းအောင်လှိုင်က ရုရှားခရီးစဉ်မှာ နိုင်ငံတကာကို လူကြားကောင်းအောင် သူတို့ စစ်တပ် ဘက်က မေလ ၆ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ တတိယအကြိမ် အပစ်ရပ်တယ်လို့ ဒီကနေ့ မေလ ၆ ရက်နေ့ မနက်ပိုင်းမှာပဲ ထပ်မံ ကြေညာလာပြန်သလို ၊ တစ်ဖက်မှာတော့ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်အဆက်မပြတ် လုပ်ဆောင်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက် ပေးပါမယ်။
