ဒီကနေ့ မေ ၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အိန္ဒိယ နိုင်ငံက ပါကစ္စတန်နိုင်ငံကို ဒုံးကျည်တွေနဲ့ ဒီကနေ့ မေလ ၇ ရက်နေ့မနက်ပိုင်းမှာပဲ စတင်တိုက်ခိုက် လိုက်ပြီး ကက်ရှမီးယားဒေသမှာ အိန္ဒိယနိုင်ငံသားအများစု သေဆုံးစေခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်အတွက် လက်တုံ့ပြန်တာဖြစ်တယ်လို့လည်း အိန္ဒိယအစိုးရက တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။
- အကြမ်းဖက် မင်းအောင်လှိုင်ဟာ သူ့ရဲ မိန်းမ ကြူကြူလှနဲ့အတူ သားသမီးမြေးတချို့ပါ ရုရှားနိုင်ငံကို အလည် ခရီးအဖြစ် ခေါ်သွားပြီး ၊ ဒီကနေ့ မေလ ၇ ရက်နေ့ မနက် ၇ နာရီခွဲမှာ နေပြည်တော်လေဆိပ်ကနေ ထွက်ခွာ သွားပြီလို့ နေပြည်တော်စစ်တပ်သတင်းရင်းမြစ်က ပြောပါတယ်။
- အကြမ်းဖက် မင်းအောင်လှိုင်က စစ်ဘက်ဆိုင်ရာ လုပ်ပိုင်ခွင့် နဲ့ ဆုံးဖြတ်ခွင့် အများစုကို သူ့လက်အောက်ခံ ဗိုလ်ချုပ်ကြီးကျော်စွာလင်း ဆိုသူကိုပဲ ပေးအပ်လိုက်ပြီး အဲ့ဒီ့သူက ဒုတပ်ချုပ်စိုးဝင်းထက်တောင် လုပ်ပိုင်ခွင့် ပိုမိုရရှိလာတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
