28 C
Yangon

Khit Thit သတင်းဌာန၏ မေ ၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရခိုင်ပြည်နယ် ၊ ကျောက်ဖြူမြို့နယ်က မင်းတပ်တောင်တိုက်ပွဲမှာ အင်အား ၈၀ ကျော်ပါတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်မ ၉၉ စစ်ကြောင်းတစ်ကြောင်းလုံး အဆက် အသွယ်ပြတ်တောက် ပျောက်ဆုံးနေတဲ့အပြင် ၊ တစ်ဖက်က လိပ်ခမော် ကျေးရွာ စစ်တပ်စခန်းကိုလည်း အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီလို့ စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို‌ပြောပါတယ်။
  • တနင်္သာရီတိုင်း၊ ပုလောမြို့မှာ ပြည်သူတွေကို စစ်တပ်အားကိုးနဲ့ အနိုင်ကျင့်ခြိမ်းခြောက်နေတဲ့ လက်နက်ကိုင် ပျူစောထီး ခေါင်းဆောင် ကုလားနီအပါအဝင် ပျူစောထီး ၃ ဦးဟာ မြို့ပေါ်က ဆန်းဝင်း အရက်ဆိုင်မှာ သောက်စားမူးရူးနေတဲ့ အချိန် တော်လှန်ရေးရဲဘော်တွေက ဝင်ရောက်ပစ်ခတ် ရှင်းလင်း ရာမှာ ၃ ဦးစလုံး ပွဲချင်းပြီးတွေကို သေကုန်ကြပြီလို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မကွေးတိုင်းမှာရှိတဲ့ ကျောက်ထုမြို့မှာ ဆောက်လုပ်ရေး ပစ္စည်းသွားဝယ်တဲ့ သံဃာတော်တစ်ပါးနဲ့ ပြည်သူတစ်ဦးကို အကြမ်းဖက် စစ်ကောင်စီတပ်က ဖမ်းဆီးရိုက်နှက် နှိပ်စက်မှုကြောင့် သံဃာတော် ပျံလွန်တော်မူသွားပြီး ပြည်သူလည်း ဆေးဝါးကုသမှု ခံယူနေရတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article