28 C
Yangon

မြန်မာစစ်ကောင်စီ၏ K-8 တိုက်လေယာဉ် ထိုင်းလေပိုင်နက်အတွင်းသို့ နီးကပ်လာချိန် ဆက်သွယ်ပြောဆိုခဲ့သဖြင့် နောက်ပြန်ဆုတ်သွားဟု ထိုင်းဒုဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး ထုတ်ပြန်ပြောဆို

Must read

မြန်မာစစ်ကောင်စီ၏ K-8 တိုက်လေယာဉ် ထိုင်းလေပိုင်နက်အတွင်းသို့ နီးကပ်လာချိန် ဆက်သွယ်ပြောဆိုခဲ့သဖြင့် နောက်ပြန်ဆုတ်သွားဟု ထိုင်းဒုဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး ထုတ်ပြန်ပြောဆို

ရန်ကုန်၊ မေ ၇

မြန်မာစစ်ကောင်စီ၏ K-8 တိုက်လေယာဉ် ထိုင်း-မြန်မာနယ်စပ်၊ ကန်ချနဘူရီခရိုင်၊ ထိုင်းလေပိုင်နက်အတွင်းသို့ နီးကပ်လာစွာ ပျံသန်းလာချိန် မြန်မာစစ်တပ်ထံသို့ ဆက်သွယ်ပြောဆိုခဲ့သဖြင့် လေယာဉ်မှာ နောက်ပြန်ဆုတ်သွားဟု ထိုင်းအစိုးရ၊ ဒုဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က ယနေ့ ထုတ်ပြန်ပြောဆိုကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။

ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန် ထိုင်း-မြန်မာနယ်စပ်၊ ကန်ချနဘူရီခရိုင်၊ ထိုင်းလေပိုင်နက်အနီး မြန်မာစစ်တပ်၏ တိုက်လေယာဉ် ၁ စီး ပျံသန်းလာကြောင်း၊ အဆိုပါ တိုက်လေယာဉ်မှာ ထိုင်းလေပိုင်နက်နှင့် အလွန်နီးကပ်လာခဲ့သော်လည်း ထိုင်းလေပိုင်နက်ကို ကျူးကျော်ခဲ့ခြင်းမရှိကြောင်း၊ သို့ရာတွင် ထိုင်းလေတပ်က F-16 တိုက်လေယာဉ် ၂ စီးကို စေလွှတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

” လေယာဉ်ပျံသန်းမှုမှာ တစ်ခါတစ်လေတော့ လမ်းလွဲမှုတွေတော့ နည်းနည်းရှိနိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ သူတို့(မြန်မာစစ်ကောင်စီ) ကို အကြောင်းကြားတဲ့အခါမှာ သူတို့ဘက်က နောက်ပြန်ဆုတ်သွားပါတယ်” ဟု ထိုင်းအစိုးရ၊ ဒုဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က ရှင်းလင်းပြောဆိုသည်။

ထို့ပြင် ယမန်နေ့ ထိုင်း-မြန်မာနယ်စပ်အနီးတွင်ပင် ထိုင်းအစိုးရ မြေစာရင်းဌာန၏ မောင်းသူမဲ့ဒရုန်း (UAV) ၁ စီး ပျံသန်းခဲ့မှုနှင့်ပတ်သက်၍ အသေးစိတ် ထုတ်ပြောစရာမလိုကြောင်း၊ ယင်းပျံသန်းမှုမှာ နယ်နယ်မိတ် ချိုးဖောက်သည့်ကိစ္စမဟုတ်ကြောင်း ပြောဆိုသွားသည်။

ဓာတ်ပုံ- ထိုင်းဒုဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai ။

Photo- Jakkrit Waewkraihong/ ဘန်ကောက်ပို့စ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article