ဒီကနေ့ မေ ၈ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် မင်းအောင်လှိုင် ရုရှား ရောက်တဲ့အချိန် ယူကရိန်းနိုင်ငံဘက်က ရုရှားနိုင်ငံ၊ မော်စကိုမြို့ကို တာဝေးပစ်ဒရုန်းတွေနဲ့ တတိယနေ့ အဖြစ် ဆက်လက်တိုက်ခိုက်ခဲ့ပြီး ၊ မော်စကိုလေဆိပ်မှာ လေကြောင်းခရီးစဉ် ၂၄၀ ကျော် ဖျက်သိမ်းရွှေ့ဆိုင်းလိုက်ရတယ်လို့ အေပီ သတင်းတစ်ရပ်အရ သိရပါတယ်။
- တနင်္သာရီတိုင်းက ထိုင်း-မြန်မာ နယ်စပ် မောတောင် ကုန်သွယ်ရေး လမ်းပိုင်းကို စစ်ကြောင်းထိုးနေတဲ့ အကြမ်း ဖက် စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ၄ လကြာ တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်ကောင်စီ ဘက်က တပ်ရင်းမှူး ၊ ဒုတပ်ရင်းမှူး နဲ့ ဒုဗိုလ်မှူး အပါအဝင် စစ်သား အယောက် ၁၅၀ ထက်မနည်းကတော့ အသီးသီး သေကြတဲ့အပြင် ၊ စစ်ကောင်စီတပ်သား ၁၂ ဦးလည်း တော်လှန်ရေးတပ်တွေဆီကို အလင်းဝင်ရောက် လာကြတယ်လို့ ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်းရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစိုးရ က ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်းတပ်ဖွဲ့တွေကို အမေရိကန်ဒေါ်လာ ၂၄ သန်းကျော် ထောက်ပံ့ခဲ့တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
