ဒီကနေ့ မေ ၉ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်နဲ့ ကျွန်းစုမြို့နယ်အစပ်က အကြမ်းဖက်စစ်တပ်ရဲ့ ရှေ့တန်းစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်က ဗိုလ်မှူးမြင့်ဝင်း အပါအဝင် ၂၀ ဦး သေဆုံးပြီး စစ်သားအားလုံး စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း – ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။
- အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်တွေအနက် အခြေခံပညာအထက် တန်းအဆင့် အောင်မြင်ပြီးမြောက်ထားသူတွေကို ဒရုန်းတပ်နဲ့ စက်တပ်လေထီး ပစ်ခတ်တဲ့တပ်စုတွေဆီကို ပို့ဆောင်နေတယ်လို့ ပို့ဆောင်ခံရတဲ့စစ်မှုထမ်းတပ်သားတချို့ရဲ့ မိဘဆွေမျိုးတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မန္တလေးတိုင်း၊ ကျောက်ဆည်မြို့အနီးကို ဗဟိုပြု၍ မနေ့ကနေ့လယ်ပိုင်းမှာ ပြင်းအား ၄ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ ကျောက်ဆည်၊ မြစ်သားနဲ့ စစ်ကိုင်းမြို့နယ်တို့မှာ သိသိသာသာ ခံစားသိရှိရခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
