ဒီကနေ့ မေ ၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရုရှားသမ္မတပူတင်က တည်ခင်းတဲ့ ရင်ပြင်နီ နှစ် ၈၀ ပြည့် ဂုဏ်ပြု ကပွဲနဲ့ညစာစားပွဲမှာ အကြမ်းဖက် မင်းအောင်လှိုင်ကို နိုင်ငံကြီးတွေရဲ့ ခေါင်းဆောင်တွေနဲ့ တစ်တန်းတည်း မထိုင်ခိုင်းဘဲ နောက်တန်းမှာ နေရာချထားတာကို ရုရှားအစိုးရ နဲ့ စစ်ကောင်စီရဲ့ ထုတ်ပြန်ထားတဲ့ ဓါတ်ပုံ ဗီဒီယိုမှတ်တမ်းတွေအရ သိရပါတယ်။
- မန္တလေးမြို့မှာ ငလျင်ဒဏ်ကြောင့် တိမ်းစောင်းသွားတဲ့ အန္တရာယ်ရှိ နေအိမ်၊ တိုက်တာအဆောက်အအုံတွကို ဖြိုဖျက်ပေးဖို့ စစ်ကောင်စီလက်အောက်ခံ စည်ပင်ကို လျှောက်ထားပေမယ့် အနည်းဆုံး ၃ လ စောင့်ခိုင်းပြီး သူတို့ကို ငွေပေးတဲ့သူတွေကိုသာ ဦးစားပေးအနေနဲ့ အိမ်ဖြိုခွင့်ပေးတယ်လို့ မန္တလေး အိမ်ပိုင်ရှင်တွေက ပြောပါတယ်။
- မန္တလေးတိုင်းက မိတ္ထီလာမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ရန်ကုန်အဝေးသင် တက္ကသိုလ် သတ္တဗေဒဌာန ကထိက ဒေါ်ဝင်းဝင်းအောင်ကို PDF တပ်ဖွဲ့က ဖမ်းဆီးရမိထားပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေ တယ်လို့ နွားထိုးကြီး PDF က ထုတ်ပြန်ထားတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
