29 C
Yangon

မြန်မာ့နိုင်ငံရေးတွင် သတိကြီးကြီး အမျှော်အမြင်ကြီးစွာဖြင့် ဆောင်ရွက်ရန် တရုတ်သမ္မတရှီကျင့်ပင်က မင်းအောင်လှိုင်ကို တိုက်တွန်း

Must read

မြန်မာ့နိုင်ငံရေးတွင် သတိကြီးကြီး အမျှော်အမြင်ကြီးစွာဖြင့် ဆောင်ရွက်ရန် တရုတ်သမ္မတရှီကျင့်ပင်က မင်းအောင်လှိုင်ကို တိုက်တွန်း

🟥 မင်းအောင်လှိုင် ရုရှားယနေ့ ထွက်ခွာပြီး ညပိုင်း နေပြည်တော် ပြန်လည် ရောက်ရှိမည်

ရန်ကုန်၊ မေ ၁၀

မြန်မာ့နိုင်ငံရေးတွင် သတိကြီးကြီး အနာဂတ်အတွက် အမျှော်အမြင်ကြီးစွာဖြင့် ဆောင်ရွက်ရန် တရုတ်သမ္မတရှီကျင့်ပင်က မင်းအောင်လှိုင်ကို တိုက်တွန်းလိုက်ကြောင်း တရုတ်နိုင်ငံခြားရေးပြောရေးဆိုခွင့်ရှိသူ Mao Ningက သတင်းထုတ် ပြန်သည်။

ယမန်နေ့ ရုရှားနိုင်ငံ၊ မော်စကိုတွင် အကြမ်းဖက် မင်းအောင်လှိုင်က တရုတ်သမ္မတ ရှီကျင့်ပင်နှင့်တွေ့ဆုံခွင့်ရရှိခဲ့ပြီး ယင်းတွေ့ဆုံမှုတွင် တရုတ်သမ္မတက မြန်မာ့နိုင်ငံရေး ဖြစ်စဉ်များတွင် သတိကြီးစွာ၊ အနာဂတ်အတွက် အမျှော် အမြင်ကြီးစွာဖြင့် ဆောင်ရွက်ရန် တိုက်တွန်းကြောင်း၊ တရုတ်အနေဖြင့် ငလျင်ဘေးကြောင့် ပြိုကျပျက်စီးမှုများ ပြန်လည် တည်ဆောက်ရေး ကူညီမည်ဖြစ် ကြောင်း၊ တရုတ်အနေဖြင့် မြန်မာနိုင်ငံနှင့်သင့်တော်သော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း ကို ထောက်ပံ့ကူညီမည်ဖြစ်ကြောင်း တရုတ်သမ္မတက ပြောဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ ၊ လွတ်လပ်ရေး၊ နယ်နမိတ်ပိုင်ဆိုင်မှုနှင့် နိုင်ငံတည်ငြိမ်ရေး လုပ်ဆောင်မှုများကိုလည်း ထောက်ခံကြောင်း တရုတ်သမ္မတက ဆိုသည်။

မင်းအောင်လှိုင်သည် ရုရှားသို့သွားရောက်ခဲ့ခြင်း၏ အဓိက ရည်ရွယ်ချက်တွင် တရုတ်သမ္မတနှင့် တွေ့ဆုံနိုင်ရေး ပါဝင်ခဲ့ပြီး ရှီကျင့်ပင်တွေ့ဆုံခွင့်ရရန် ရှရှား၏ ကူညီမှု ရရှိခဲ့ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက် မင်းအောင်လှိုင်သည် ယနေ့တွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့မှ နေပြည် တော်သို့ ပြန်လည် ထွက်ခွာလာမည်ဖြစ်ပြီး မြန်မာစံတော်ချိန် ယနေ့ ညပိုင်းတွင် နေပြည်တော်သို့ ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article