Khit Thit သတင်းဌာန၏ မေ ၁၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ မေ ၁၀ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ငလျင်ကြီးလှုပ်ခတ်မှုကြောင့် လူ ၄၀၀၀ နီးပါးသေဆုံးခဲ့တဲ့ မန္တလေး၊ စစ်ကိုင်းနဲ့ နေပြည်တော်တို့ကထိခိုက် ပျက်စီးဆုံးရှုံးမှုတွေကို ခရီးသွားတွေလာကြည့်မှာဖြစ်တဲ့အတွက် ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေ ဝင်ငွေတိုးမယ်လို့ စစ်ကောင်စီရဲ့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။
ထိုင်း-မြန်မာနယ်စပ်အနီး ထားဝယ်မြို့နယ်နဲ့ လှိုင်းဘွဲ့မြို့နယ်တို့က စစ်ကောင်စီရဲ့ ထီးခီးဗျူဟာစခန်းနဲ့ တခေါဘီခီးစခန်းတို့ကို သိမ်းပိုက်ရရှိသွားပြီလို့ ကရင်အမျိုးသားအစည်းအရုံး- KNU က တရားဝင်ထုတ် ပြန်ကြေညာလိုက်ပါတယ်။
မန္တလေး အိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအမှုနဲ့ တရားရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကျဉ်းသူ ကိုယ်ဝန် ဆောင် မနွယ်နီဝင်းဟာ မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရခဲ့ပေမယ့် ဆေးကုသခွင့်မရတာကြောင့် အသက်သေဆုံးခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
