ဒီကနေ့ မေ ၁၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ကောင်စီက မေလအကုန်အထိ သူတို့စစ်တပ်ဘက်က အပစ်ရပ်ထားပါတယ်ဆိုပြီး နိုင်ငံတကာကို လူကြားကောင်းအောင် ကြေညာထားပေမယ့် ဒီကနေ့ မေလ ၁၂ ရက်နေ့ မနက်ပိုင်းမှာပဲ စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့နယ်မှာရှိတဲ့ အိုးထိမ်းကွင်းကျေးရွာစာသင်ကျောင်းကို လေယာဉ်နဲ့လာပြီး ဗုံးကျဲသွားမှုကြောင့် ကျောင်းသူကျောင်းသား အယောက် ၅၀ ဝန်းကျင် ထိခိုက်သေဆုံးထားတယ်လို့ ဒီပဲယင်းမြို့နယ် ကူညီကယ်ဆယ်ရေးလုပ်ဆောင်သူက ပြောပါတယ်။
- ပဲခူးတိုင်း အုတ်တွင်းမြို့နယ်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ကြက်မနက် နယ်မြေ ရဲစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စခန်းကိုပါ မီးရှို့ရှင်းလင်းလိုက်သလို ၊ စခန်းထဲက စစ်ကောင်စီတပ်သားတွေရဲ့ ဆိုင်ကယ် ကား နဲ့ အခြား အသုံးဆောင် ပစ္စည်းတွေကိုပါ သိမ်းဆည်း ရရှိခဲ့တယ်လို့ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ရဲမေ ရွှန်းရွှန်းက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မွန်ပြည်နယ် ရေးမြို့နယ်က ကူးတို့ဆိပ်ဘက် စစ်ကြောင်းထိုးလာပြန်တဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို KNLA-PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်ကောင်စီဘက်က ဒုအရာခံဗိုလ် နေမျိုးထိုက် ဆိုသူ အပါအဝင် ၄ ဦးကတော့သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
