ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်း ဦးကျော်စွာမင်းကို သံတမန်နေအိမ်မှ ဖယ်မပေးမှုဖြင့် ဗြိတိန်ရဲတပ်ဖွဲ့က စွဲချက်တင်
ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်း ဦးကျော်စွာမင်းကို သံတမန်နေအိမ်မှ ဖယ်မပေးမှုဖြင့် ဗြိတိန်ရဲတပ်ဖွဲ့က စွဲချက်တင်လိုက်ကြောင်း ရိုက်တာ သတင်းတစ်ရပ်အရ သိရှိရသည်။
ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်း ဦးကျော်စွာမင်းကို လန်ဒန်မြို့ရှိ သံတမန်နေအိမ်တွင် ဆက်လက် နေထိုင်ပြီး မဖယ်ရှားပေးမှုဖြင့် ဗြိတိန်ရဲတပ်ဖွဲ့က စွဲချက်တင်ခြင်းဖြစ်ကြောင်း၊ ဦးကျော်စွာမင်းကို စစ်ကောင်စီက သံအမတ်ရာထူးမှ စစ်အာဏာသိမ်းပြီးနောက် လအနည်းငယ် အကြာတွင်ဖယ်ရှားခဲ့ကြောင်း၊ ဦးကျော်စွာမင်းက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ပြီးနောက် စစ်ကောင်စီက ၎င်း၏ နေရာကို သံအမတ်အသစ်ဖြင့် အစားထိုးခဲ့ကြောင်း သိရှိရသည်။
ဦးကျော်စွာမင်းက လန်ဒန်မြို့ရှိ သံအမတ်ကြီးနေအိမ်ကို စစ်ကောင်စီသံရုံးထံသို့ လွှဲပြောင်းပေးရန် ငြင်းဆန်ခဲ့ပြီး စစ်ကောင်စီမှာ တရားမဝင်ကြောင်း ပြောဆိုသည်။
ဦးကျော်စွာမင်းကို သံတမန်ဆိုင်ရာ ပိုင်နက်ကျူးလွန်မှုဖြင့် လွန်ခဲ့သည့် သီတင်းပတ်အတွင်း စွဲချက်တင်ထားပြီး မေလ ၃၀ ရက်နေ့ Westminster Magistrates တရားရုံးမှာ ရုံးထုတ်ရမည်ဖြစ်ကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က ဆိုသည်။
စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် ဗြိတိန်ရဲတပ်ဖွဲ့က ဦးကျော်စွာမင်းကို သံအမတ်ကြီး နေအိမ်မှ ထွက်ခွာပေးရန် တိုက်တွန်းထားသည်။
ဗြိတိန်အခြေစိုက် Myanmar Accountability Project မှ Chris Gunness က လက်ရှိ သံအမတ်ဟောင်း ဦးကျော်စွာမင်းကို စွဲဆိုထားသော အမှုကို ရပ်တန့်ရန် ဗြိတိန်အစိုးရရှေ့နေချုပ်ကို တိုက်တွန်းသည်။
ဗြိတိန်အစိုးရက မြန်မာ့ဒီမီုကရေစီအရေးကို ထောက်ခံသော အနောက်နိုင်ငံများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး မြန်မာစစ်ကောင်စီနှင့်မိတ်ဖက်များကို ဒဏ်ခတ်ပိတ်ဆို့အရေးယူထားသည်။

Your kindness and generosity shine through this post. Keep shining bright!
I admire the passion behind this post. Keep up the great work!