Khit Thit သတင်းဌာန၏ မေ ၁၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ မေ ၁၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
–အကြမ်းဖက် စစ်ကောင်စီရဲ့ လေတပ်ထဲမှာ လုံခြုံရေးအရ အရာရှိ နဲ့ စစ်သည်တွေ အားလုံ းကို Facebook ၊ TikTok အပါအဝင် လူမှုကွန်ရက်အသုံးပြုမှုတွေ တင်းကျပ် ကန့်သတ် လိုက်တယ်လို့ လေတပ်သတင်းရင်းမြစ် က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
အကြမ်းဖက် စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ စစ်ရာဇဝတ်မှုတွေကို အာဆီယံက နှုတ်ဆိတ်မျက်ကွယ် ပြုနေတဲ့အပေါ် လူ့အခွင့်အရေးအဖွဲ့တွေက ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။
တရုတ်နိုင်ငံက မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကြားဝင် မစွက်ဖက်ရေးမူဝါဒကို လက်ကိုင်ပြုတယ်ဆိုပြီး ထပ်ခါတ လဲလဲ ပြောဆိုနေပေမယ့် ရှမ်းပြည်နယ်မြောက်ပိုင်းအရေးမှာ တရုတ်နိုင်ငံရဲ့ ဝင်ရောက်စွက်ဖက်နေမှုဟာ မြန်မာ နိုင်ငံ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ထိခိုက်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ထောက်ပြပြောဆိုထားတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
