26 C
Yangon

တောင်ကိုရီးယားနိုင်ငံ ဂွမ်ဂျူးမြို့ ကင်ဒေးဂျုံးစင်တာတွင် ပြုလုပ်သော ဂွမ်ဂျူးလူ့အခွင့်အရေးမြို့များဖိုရမ်သို့ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက် ဆွေးနွေး

Must read

ရန်ကုန်၊ မေ ၁၇

တောင်ကိုရီးယားနိုင်ငံ ဂွမ်ဂျူးမြို့ ကင်ဒေးဂျုံးစင်တာတွင် ပြုလုပ်သော “World Human Rights Cities Forum 2025” သို့ NUG အစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ယနေ့ မေလ ၁၇ ရက်နေ့တွင် တက်ရောက်ကာ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ဦးဆောင်ဆွေးနွေးသူ တဦးအဖြစ် “Cities Against Violence” ကဏ္ဍတွင် ပါဝင်ခဲ့ကာ “YANGON: A City of Resilience Against Political Violence” ခေါင်းစဉ်ဖြင့် စစ်တပ်၏ နိုင်ငံရေးအကြမ်းဖက်မှုများကို ငြိမ်းချမ်းစွာဆန္ဒပြခြင်း၊ ပန်းသပိတ်၊ ထီးသပိတ်၊ အသံတိတ်သပိတ် စသည်ဖြင့် ခေတ်အဆက်ဆက် အကြမ်းမဖက်ငြိမ်းချမ်းစွာ တွန်းလှန်ခဲ့ကြသည့် မြန်မာနိုင်ငံသားများ၏ ကြိုးပမ်းမှုများကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဂွမ်ဂျူးဒီမိုကရေစီတော်လှန်‌ရေး ၄၅ နှစ်မြောက် အောက်မေ့ဘွယ်အခမ်းအနားများသို့ NUGကိုယ်စားလှယ်ရုံးနှင့် မြန်မာရဲဘော်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါပွဲများကို အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးက ဦးဆောင်၍ နွေဦးတော်လှန်ရေးအဖွဲ့အစည်းများမှ ရဲဘော်များ ပါဝင်တက်ရောက်၍ မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်အုပ်စု၏ လူမဆန်သောလုပ်ရပ်များကို ထုတ်ဖော်လျက် မြန်မာ့ဒီမိုကရေစီရေး အခြေအနေကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article