25.6 C
Yangon

Khit Thit သတင်းဌာန၏ မေ ၁၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ မေ ၁၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၁၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-CDM မန္တလေးဆေးတက္ကသိုလ် ပါမောက္ခချုပ် ၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ် အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာခင်မောင်လွင် ဆိုသူကို NUG အစိုးရရဲ့ ကျန်းမာရေး ဒုတိယဝန်ကြီး အဖြစ် ခန့်အပ် လိုက်တယ်လို့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) က မေလ ၁၆ ရက်နေ့ဖြစ်တဲ့ မနေ့ညပိုင်းမှာပဲ သတင်းထုတ်ပြန်လိုက်ပါတယ်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့သိမ်းတိုက်ပွဲထဲကနေ ဖမ်းဆီးရရှိခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းတွေရဲ့ မိသားစုဝင် ကလေးငယ်တွေအပါအဝင် ၂၂၅ ဦးကို အာရက္ခတပ်တော် AA က ပြန်လွှတ်ပေးလိုက်တယ်လို့ Arakan Princess Media ကနေ သတင်းထုတ်ပြန်ထားပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ UWSA ဝ တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ ထိုင်းနယ်စပ်က မိုင်းဆတ်မြို့၊ မိုင်းယွန်းဒေသမှာ မြေရှားသတ္တုတွင်း တူးဖော်တာတွေ သွားလုပ်နေပြီး အဲ့ဒီ့က စွန့်ပစ်ပစ္စည်းတွေကြောင့် ထိုင်း-မြန်မာနယ်စပ်က ပြည်သူ ၁ သန်းကျော်ရဲ့ ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်နိုင်တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ကပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article