26.8 C
Yangon

အကြမ်းဖက် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို အာဆီယံက မျက်ကွယ်ပြုနေထားဟု Fortify Rights ပြောဆို

Must read

ရန်ကုန်၊ မေ ၁၇

အကြမ်းဖက် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို အာဆီယံက မျက်ကွယ်ပြုနေကြောင်း Fortify Rights အဖွဲ့က မေလ ၁၄ ရက်တွင် ထုတ်ပြန် ပြောဆိုလိုက်သည်။

“အာဆီယံဟာ မြန်မာနိုင်ငံအရေးအခင်းအတွက် အာဆီယံဦးဆောင်တဲ့ ဖြေရှင်းရေးနည်းလမ်းကို ရှာဖွေဖို့ စိတ်အားထက်သန်ပေမယ့်လည်း၊ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကိုတော့ အမြဲတစေ မျက်ကွယ်ပြုထားခဲ့ပါတယ်” ဟု Fortify Rights အဖွဲ့မှ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးတာဝန်ခံ ကိုစိုင်းအာကာက ပြောဆိုသည်။

စစ်ကောင်စီက ကိုယ့်ပြည်သူများကို ကိုယ်ပြန်သတ်ဖြတ်နေချိန်တွင် အာဆီယံမှ အရေးယူရန် ပျက်ကွက်နေခြင်းက “အာရှနိုင်ငံတွေရဲ့ ထုံးစံ” ဆိုသည့် အကြောင်းအရာနှင့် တစ်စုံတစ်ရာ မသက်ဆိုင်ကြောင်းလည်း Fortify Rights က ပြောဆိုသည်။

“ပြင်းထန်တဲ့ စာအရေးအသား မှတ်ချက်တွေပါတဲ့ ထုတ်ပြန်ချက်တွေကလဲ စစ်ကောင်စီကို ဘယ်တော့မှ ရပ်တန့်စေနိုင်မှာ မဟုတ်ပါဘူး။ အာဆီယံက ခုချက်ချင်းကို အရေးယူဆောင်ရွက်ရမှာဖြစ်တယ်” ဟု ကိုစိုင်းအာက ပြောသည်။

ယခုလနှောင်းပိုင်းတွင် နှစ်ပတ်လည် ထိပ်သီးအစည်းအဝေး ကျင်းပရန် အာဆီယံခေါင်းဆောင်များ ပြင်ဆင်နေချိန်၌ ဒေသတွင်းအဖွဲ့၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံရှိ အရပ်သား ပြည်သူများကို ကာကွယ်ရန် အရေးပေါ်အစီအမံများ အဆိုပြုသင့်ကြောင်း၊ ယင်းအရေးပေါ်အစီအမံများတွင် မြန်မာစစ်ကောင်စီအား လေယာဉ်ဆီ၊ လက်နက်များနှင့် နိုင်ငံရေး ဆိုင်ရာ အထောက်အပံ့ အသိအမှတ်ပြုမှုတို့ ရရှိခြင်းမှ တားဆီးရန် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ ပါဝင်သင့်ကြောင်းလည်း Fortify Rights က ပြောဆိုထားသည်။

မေလ ၁၂ ရက်နေ့မှ ၁၅ ရက်အတွင်း စစ်ကိုင်းနှင့် ရခိုင်မှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၄၃ ဦးထက်မနည်း သေဆုံးခဲ့ရပြီး လူ ၁၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article