30.1 C
Yangon

အိန္ဒိယစစ်တပ်၏ ပစ်ခတ်မှုကြောင့် ပကဖ ရဲ‌‌ဘော် ၁၀ဦး သေဆုံးမှု အိန္ဒိယအစိုးရနှင့် NUG တို့ တွေ့ဆုံမည်

Must read

ရန်ကုန်| မေ ၂၀

ပြည်သူ့ ကာကွယ်ရေး အဖွဲ့ (ပကဖ) က ရဲဘော် ၁၀ဦးခန့်ကို အိန္ဒိယအာသံရိုယ်ဖယ်တပ်များက ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့် အပေါ် အိန္ဒိယ အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံ ညှိနှိုင်း ဆောင်ရွက်သွားမည် NUG အစိုးရက ကပြောသည်။

အိန္ဒိယ -မြန်မာနှစ်နိုင်ငံ နယ်စပ် စစ်ကိုင်းတမူးမြို့နယ်မှာ အိန္ဒိယ အာသံရိုယ်ဖယ်တပ်များက တမူးခရိုင်က ပကဖရဲ ဘော် ၁၀ဦးကို ပြီးခဲ့သည့် မေလ ၁၄ရက် နေ့က ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်။

အဆိုပါ ပစ်ခတ်ခဲ့၍ သေဆုံးသွားရသည် ရဲဘော်များအတွက် အမှုမှန် ပေါ်ပေါက်ရေးကို တမူးခရိုင် ပကဖအဖွဲ့မှ မြေပြင်အခြေနေကို သိရှိနိုင်ရန် NUGအစိုးရထံ စာပို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေဖြင့် အိန္ဒိယအစိုးရက တာဝန်ရှိသူများနှင့် အမှု‌‌မှန် ပေါ်ပေါက်ရန် တွေ့ဆုံ ဆွေးနွေးနေကြောင်း NUG မှ ပြောရေးဆိုခွင့်ရှိသူ ကိုနေဘုန်းလတ်က ပြောသည်။

“NUG က ကာကွယ်ရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့က အိန္ဒိယ ဘက်က တာဝန်ရှိသူ တွေနဲ့ တွေ့ဆုံ ဆွေးနွေး နေတာ ရှိပါတယ်။ ဘာတွေ ဆွေးနွေးနေလဲ ဆိုတာကတော့ အသေးစိတ် ပြောလို့မရသေးပါဘူး။ သက်ဆိုင်ရာဌာန တွေက လိုအပ်ရင် ထုတ်ပြန် ပေးလာပါလိမ့်”ဟု ၎င်းက ပြောသည်။

အိန္ဒိယ အာသံရိုယ်ဖယ်တပ်များက တမူးခရိုင်က ပကဖရဲဘော် ၁၀ဦး မဏိပူရ်ပြည်၊ ဂျန်ဒေခရိုင် အပြည်ပြည်ဆိုင်ရာ နယ်နိမိတ် New Santal အနီးတစ်ဝိုက်မှာ ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့ရကြောင်း သိရသည်။

အိန္ဒိယအာသံရိုင်တပ်များက အိန္ဒိယ-မြန်မာနယ်စပ်အနီးမှာ စစ်ဆင်ရေးဆောင်ရွက်နေစဉ် တမူးခရိုင်က ပကဖ အဖွဲ့ကို ပစ်ခတ်မိရာမှ သေဆုံးသွားရခြင်း ဖြစ်ကြောင်း ကိုအိန္ဒိယ အာသံရိုင်ဖယ်တပ်၏ မေ ၁၅ ရက်နေ့ထုတ်ပြန်ခဲ့သည်။

သေဆုံးသွားခဲ့ရသည် ပကဖ အဖွဲ့ဝင် ၁၀ဦး၏ ရုပ်အလောင်းကို အိန္ဒိယဖက်မှ ပြန်လည် လွှဲပြောင်ပေးခဲ့ခြင်း ရှိမရှိကို နှစ်ဖက် အဖွဲ့စည်းက တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေး ကြောင်း သိရသည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article